33 C
Yangon

အသံတိတ်သပိတ်ကို ဖျက်ဆီးနှောင့်ယှက်ရန် မန္တလေး ဦးပိန်တံတား၊ မယ်ဇယ်တန်း ဖွင့်ပွဲ ယနေ့ ပြုလုပ်ပြီး မန္တလေး အား/ကာ သိပ္ပံကျောင်းမှ ကျောင်းသားကျောင်းသူများနှင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ တက်ရောက်ခိုင်း

Must read

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁

နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် အသံတိတ်သပိတ်ကို ဖျက်ဆီးနှောင့်ယှက်ရန် မန္တလေး ဦးပိန်တံတား၊ မယ်ဇယ်တန်း ဖွင့်ပွဲ ယနေ့ ပြုလုပ်ပြီး မန္တလေး အား/ကာ သိပ္ပံကျောင်းမှ ကျောင်းသားကျောင်းသူများနှင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ တက်ရောက်ခိုင်းထားကြောင်း ဝန်ထမ်းသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ အသံတိတ်သပိတ်ကို ပြည်သူများက ပါဝင်ခြင်းမပြုဟု စစ်ကောင်စီက သက်သေပြနိုင်ရေး အတွက် ပြင်ပတွင် လူများ စည်ကားနေသည့်ပုံစံ အယောင်ဆောင် ဖန်တီးနိုင်ရန် ဦးပိန်တံတား မယ်ဇယ်တန်း ဖွင့်ပွဲ ကို စီစဉ်ခြင်းဖြစ်ကြောင်း၊ ယင်းပွဲအတွက် အရပ်ဘက်ဌာနဆိုင်ရာများ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ မန္တလေး အား/ကာ သိပ္ပံကျောင်းမှ ကျောင်းသားကျောင်းသူ ၂၀၀ တောင်းခံထားကြောင်း သိရှိရသည်။

“အပြင်မှာ လူတွေစည်ကားသယောင် အယောင်ဆောင် ဖန်တီးဖို့ အတွက် ဦးပိန်တံတား မယ်ဇယ်တန်းမှာ ဖွင့်ပွဲလုပ်မယ်။ ဒီဖွင့်ပွဲ မှာ လူစည်ကားဖို့အတွက် မန္တလေးအား/ကာ သိပ္ပံကျောင်းမှ ကျောင်းသား/သူ 200 တောင်းခံထားပြီး အားလုံးကို အရပ်ဝတ်နဲ့ပဲသွားကြမယ်။ အခြားသက်ဆိုင်ရာ အဖွဲ့အစည်းတွေကနေလည်း လူတွေတောင်းခံထားတယ်” ဟု ဝန်ထမ်းသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ယနေ့ ပြုလုပ်သည့် အသံတိတ်သပိတ်ကို ဖျက်ဆီးနိုင်ရေးအတွက် ပုံစံအမျိုးမျိုးဖြင့် ကြိုးပမ်းလျက်ရှိပြီး တပ်ထောက်ခံပွဲများကိုလည်း တစ်နိုင်ငံလုံးတွင် ကျင်းပရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဦးပိန်တံတား၊ မယ်ဇယ်တန်း။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article