33 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ဒီကနေ့ကျရောက်တဲ့ စစ်တပ်အာဏာသိမ်းမှု ၃နှစ်ပြည့်နေ့မှာ ရန်ကုန်နဲ့မန္တလေးမှာ ပြုလုပ်မယ့် အသံတိတ် သပိတ်ကို တန်ပြန်ရန်အတွက် စစ်တပ်ထောက်ခံပွဲတွေ ကျင်းပဖို့ အရေးပေါ် ညွှန်ကြားလိုက်ပြီး မြို့နယ် တစ်မြို့နယ်ကို မဘသနဲ့ ပျူစောထီး ၅၀ ဦးကနေ ၁၀၀ ဦးခန့် လူစုခိုင်းထားတယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

– နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တောင်ကြီးက စျေးဆိုင်တွေပိတ်သိမ်းပြီး အသံတိတ်သပိတ်မှာ ပါဝင်မယ်ဆိုရင် ဆိုင်တွေကို ချိတ်ပိတ်ကာ ပိုင်ဆိုင်မှုကို သိမ်းဆည်းမယ်လို့ စစ်တပ်နဲ့ စည်ပင်က ခြိမ်းခြောက်လာတယ်လို့ တောင်ကြီးမှ စျေးဆိုင်ပိုင်ရှင်တချို့က ပြောပါတယ်။

– ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ချောင်းမြို့မဘုရား၊ အလက -၂ နဲ့ တောင်ပေါ်ရပ် လမ်းဆုံးတို့မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၈ ဦးသေသွားတယ်လို့ ကျားဖြူစစ်ကြောင်း ဆီကသိရပါတယ်။

– အကြမ်းဖက်စစ်ကောင်စီက တစ်စုံတစ်ရာအပြောင်းအလဲမရှိဘဲ အာဏာသိမ်းမှုကို သက်တမ်းထပ်မံ ၆ လတိုးလိုက်တယ်လို့ စစ်ကောင်စီက တရားဝင် ထုတ်ပြန်ကြေညာလိုက်သလို ဆုံးရှုံးသွားတဲ့နယ်မြေတွေ ပြန်သိမ်း မယ်လို့ ဆွေးနွေးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article