25 C
Yangon

ချမ်းမြသာစည်မြို့နယ်၊ ဆ ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ တပည့် ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး၊ မကွေးမြို့နယ်တွင် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ချမ်းမြသာစည်မြို့နယ်၊ ဆ ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ တပည့် ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး၊ မကွေးမြို့နယ်တွင် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ဆ ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ တပည့် ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီ ၃၀ ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ်၊ ဆ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်ဇော်၏ တပည့် ၂ ဦးကို ၆၈ × ၁၀၉ လမ်းကြားရှိ ပန်းခြံ အနီးတွင် အမည်မသိ သေနတ်များက ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး ကျန် ၁ ဦးမှာ ဆေးရုံတွင် ပြင်းထန် ဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

“အုပ်ချုပ်ရေးမှူး ခင်ဇော်ကို လုပ်ဖို့လာတာ အုပ်ချုပ်ရေးမှူးက ကံကောင်းချင်တော့ နေမကောင်းတော့ ဆေးရုံ တတ်နေရတယ်။ ခင်ဇော်ကို ရှင်းဖို့ လာတဲ့အချိန် သူ့တပည့် ၂ ကောင်က ဆေးရုံ သွားဖို့ လုပ်နေတာ အဲ့တာနဲ့ အဲ့ ၂ ကောင်ကို ရှင်းလိုက်တာ ၁ ကောင်က ပွဲချင်းပြီးသေသွားတယ်။ ၁ ကောင်က ရှင်သေးတယ် ဆေးရုံမှာ မသေသေးဘူး။ အခြေအနေ မကောင်းဘူး။ အခုထိ ကျည်ဆံ ထုတ်မပေးဘူး ကြားတယ်။ သေသွားတဲ့ ကောင်ရဲ့ အမည်တော့ မသိရဘူး ဘယ်က ကောင်တွေမှန်းမသိဘူး ခေါ်ထားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း မကွေးမြို့နယ်၊ ကန်တော်ကျေးရွာအတွင်း ပျူစောထီးစာရင်းများ ကောက်ခံနေသော အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ စိုးလှိုင်ကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မကွေးပြောက်ကျားတပ်ဖွဲ့၊ တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းစစ်သည်ပြောက်ကျားတပ်ဖွဲ့ (နတ်မောက်)၊ Yaw Defense Force (YDF)၊ မကွေးမြို့နယ် ပကဖ တို့က ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မကွေးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူများနှင့် ပျူစောထီးစာရင်းကောက်ခံသူများ၊ ပျူစောထီးသင်တန်းသားများ၏ စာရင်းကို တော်လှန်ရေး တပ်ဖွဲ့များ လက်ခံရရှိထားပြီး စစ်တပ် အလိုကျ ဆက်လက် လုပ်ဆောင်နေသူများကို ထပ်မံ တိုက်ခိုက်သွားမည်ဟု မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article