34 C
Yangon

ထားဝယ်မြို့ပေါ်တွင် ကင်းလှည့်နေသည့် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၂ ဦးသေဆုံးထားဝယ်မြို့ပေါ်တွင် ကင်းလှည့်နေသည့် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၂ ဦးသေဆုံး

Must read

ထားဝယ်မြို့ပေါ်တွင် ကင်းလှည့်နေသည့် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၂ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်တွင် ကင်းလှည့်နေသည့် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၂ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွပ်၊ စောမိညိုလမ်းတွင် ကင်းလှည့်ရန် ထွက်လာသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၂ ဦးသေဆုံးပြီး ၁၄ ဦးထိခိုက် ဒဏ်ရာရရှိကာ တော်လှန်ရေး ရဲဘော် ၁ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် တော်လှန်ရေး တပ်ဖွဲ့ဝင်များ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“တိုက်ခိုက်မှုအတွင်း စစ်ခွေးတွေဘက်က ၁၂ ကောင်သေတယ်။ ၁၄ ကောင် ဒဏ်ရာရတယ်။ လက်နက်တွေ သိမ်းဆည်းရမိတာတော့ မရှိဘူး” ဟု ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း၏ တပ်ခွဲ ၁ ဖြစ်သော (Special Guerrilla Force ) အထူးပြောက်ကျားတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article