25 C
Yangon

နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်သော မပေါက်ကွဲဘဲ ကျန်ရှိနေသည့် လက်နက်ကြီး တစ်လုံး ပေါက်ကွဲမှုကြောင့် ကလေးငယ် ၃ ဦးသေဆုံး

Must read

နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်သော မပေါက်ကွဲဘဲ ကျန်ရှိနေသည့် လက်နက်ကြီး တစ်လုံး ပေါက်ကွဲမှုကြောင့် ကလေးငယ် ၃ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန့်မြို့တွင် အကြမ်းဖက် စစ်တပ်က ပစ်ခတ်ခဲ့သော မပေါက်ကွဲဘဲ ကျန်ရှိနေသည့် လက်နက်ကြီး ကျည်တစ်လုံးပေါက်ကွဲမှုကြောင့် ကလေးငယ် ၃ ဦး သေဆုံးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ယနေ့ ဖေဖော်ဝါရီလ ၂ ရက် နံနက် ၉ နာရီခန့်က နမ့်ဆန်မြို့နယ်၊ ဇယန်းကြီးရပ်ကွက်တွင် နမ့် ဆန်မြို့ တိုက်ပွဲအတွင်း မပေါက်ကွဲဘဲ ကျန်ရှိနေသည့် စစ်ကောင်စီ၏ လက်နက်ကြီးတစ်လုံးကို ကလေးငယ် ၃ ဦး က တွေ့ရှိပြီးဆော့ကစားရာ ပေါက်ကွဲမှု ဖြစ်ပွားပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီးပေါက်ကွဲမှုကြောင့်သေဆုံးသည့် ကလေးများမှာ အသက် ၆ နှစ်အရွယ် မိုင်းနေ မင်းအောင်၊ အသက် ၁၀ နှစ် အရွယ် မိုင်းလှိုင်မင်းအောင်နှင့် အသက် ၁၁ နှစ်အရွယ် မိုင်းအောင်ကျော် ဇော် တို့ဖြစ်ကြောင်း သိရသည်။

နမ့်ဆန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၎င်းတို့တပ်ပတ်ဝန်းကျင်အပြင် မြို့တွင်း တပ်စွဲထား သည့် နေရာများနှင့် ပြည်သူလူထုများ၏ ခြံဝင်းအတွင်း ထောင်ထားသည့်မိုင်းများနှင့် စစ်ကောင်စီ တပ်က ပစ်ခတ်ပြီး မပေါက်ကွဲ သေးပဲ ကျန်ရှိနေသည့် လက်နက်ကြီးများကို PSLF/TNLA မှ လိုက်လံ ရှင်းလင်းနေကြောင်း၊ မပေါက်ကွဲပဲ ရှိနေသည့် မိုင်း၊ လက်နက်ကြီးများတွေ့ရှိပါက အကြောင်းကြား ရန် ညွှန်ကြားထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article