25 C
Yangon

မြင်းမူတွင် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိ၊ ပခုက္ကူမြို့နယ်၊ ဘုန်းကံရွာရှိ ပျူစောထီးများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

မြင်းမူတွင် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိ၊ ပခုက္ကူမြို့နယ်၊ ဘုန်းကံရွာရှိ ပျူစောထီးများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Black Eagle Defence Force-MMU အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် မြင်းမူမြို့နယ် ထီးဆောင်းရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ညောင်ပင်ဝန်းရွာကို စစ်ကား ၂ စီးဖြင့် ထွက်လာစဥ် တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာ မိုင်း ၃ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကား ၁ စီးကို ထိမှန်ကာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြင်းမူမြို့နယ် ပ.က.ဖ) တပ်ဖွဲ့နှင့် Black Eagle Defence Force-MMU တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အနောက်ဘက် ဘုန်းကံရွာရှိ ပျူစောထီးများကို Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Young Force – UG အဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပခုက္ကူမြို့နယ် အနောက်ဘုန်းကံရွာရှိ ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကျေးရွာအတွင်း ၅ လုံးခန့် ကျရောက်ပေါက်ကွဲကာ ထိခိုက်ပျက်စီးမှု အခြေအနေကို စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Cobra One ၊ စနေမင်း (မြိုင်)နှင့် ပခုက္ကူမြို့နယ် ပကဖတပ်ခွဲ(၂)မှ Tartay Gyi Revolution force နှင့် Pakokku Underground Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့​ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article