25 C
Yangon

ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာမှ ပြည်သူ့နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

Must read

ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာမှ ပြည်သူ့နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ၊ ချောင်းနှစ်ခွကျေးရွာအတွင်းက ဒေသခံ‌တွေရဲ့ နေအိမ်တွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်က ချောင်းနှစ်ခွကျေးရွာ ရဲစခန်းအနီး မြသီတာရပ်ကွက်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး နေအိမ် ၇ လုံးခန့် မီးလောင်ပျက်စီးခဲ့ရတယ်လို့ ‌‌ဒေသခံ တစ်ဦးက ပြောပါတယ်။

ချောင်းနှစ်ခွကျေးရွာရဲစခန်း အနီးဝန်းကျင်မှာရှိတဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ်ကို တော်လှန်ရေးပူပေါင်းတပ်တွေ ဝင်ရောက်မလာနိုင်ဖို့အတွက် စစ်ကောင်စီတပ်တွေက မီရှို့တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

၂၀၂၃ခုနှစ် ဒီဇင်ဘာလအတွင်းက ချောင်းနှစ်ခွကျေးရွာဒေသကို တော်လှန်းရေးပူပေါင်းတပ်တွေ လက်ထဲကနေ စစ်ကောင်စီက ပြန်လည်ရယူခဲ့ပြီး လက်ရှိမှာတော့ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးတာ၊ နေအိမ်မီးရှို့တာ၊ ရွေ့ပြောင်းသယ်ယူလို့ရတဲ့ ပစ္စည်းတွေကို ယူဆောင်သွားတာတွေကို ဆက်လက်ကျူးလွန်နေတယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောဆိုမှုတွေအရ သိရှိရပါတယ်။

တိုက်ပွဲဖြစ်ပွားစဉ်က စစ်ကောင်စီတပ်က လေကြောင်းပစ်ခက်မှု၊ လက်နက်ကြီး ပစ်ခက်မှုတွေကြောင့် ဒေသခံနေအိမ်တွေ ထိခိုက်ပျက်စီးမှုရှိသလို မီးလောင်းဆုံးရှုံးမှုတွေလဲ ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ဘေးရှောင်နေတဲ့ ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ ဆက်လက်လုပ်ဆောင်နေသလို ပြန်လည်နေထိုင်နေကြတဲ့ ကျေးရွာသားတွေကိုလည်း ဖမ်းဆီးရိုက်နှက် စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ စစ်ကောင်စီတပ်က ပြန်လည်နေရာယူထားတဲ့ ချောင်းနှစ်ခွကျေးရွာကို ဒေသခံ ပြည်သူအများစု နေရပ်ပြန်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ချောင်းနှစ်ခွကျေးရွာအပါအဝင် အနီးဝန်းကျင် ကျေးရွာပေါင်း ၂၀က ဒေသခံပြန်သူတွေဟာ တိုက်ပွဲဆက်လက်ဖြစ်ပွားခြင်း မရှိပေမဲ့လည်း စစ်ကောင်စီတပ်က နေရာယူထားတာကြောင့် လုံခြုံမှုမရှိသေးတဲ့အတွက် နေရပ်မပြန်နိုင်သေးဘူးလို့ သိရပါတယ်။

ဓာတ်ပုံ- စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် မီးလောင်နေသော အညာဒေသမှ ပြည်သူ့နေအိမ်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article