25 C
Yangon

အမေရိကန်၊ နယူးယောက်တွင် မြန်မာစစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်အဖြစ် ချီတက် ဆန္ဒပြ၊ NUG နိုင်ငံခြားရေးဝန်ကြီးနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းတက်ရောက်

Must read

အမေရိကန်၊ နယူးယောက်တွင် မြန်မာစစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်အဖြစ် ချီတက် ဆန္ဒပြ၊ NUG နိုင်ငံခြားရေးဝန်ကြီးနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းတက်ရောက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ Time Square ရင်ပြင်တွင် “ခုခံတော်လှန်စစ်နဲ့အတူ စစ်အာဏာသိမ်းမအောင်မြင်မှု ၃ နှစ်ပြည့်” လူထုစုဝေးပွဲကို ဒေသစံတော်ချိန် မြန်မာစံတော်ချိန် ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ NYCBC အဖွဲ့က ဦးဆောင်ကျင်းပကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားသို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ အထူးဧည့်သည်အဖြစ် တက်ရောက်ခဲ့သည်။ မြန်မာ့နွေဦး တော်လှန်ရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာ​၏သဘောထားများ ဆက်လက်လုပ်ဆောင်နေသော ကိစ္စရပ်များ သိသင့်သိထိုက်သည်များကို တက်ရောက်လာသော ပြည်သူလူထုကို ရှင်းလင်းပြောကြားသည်။

အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းရိုးတန်းပြည်နယ်များမှ ပြည်သူများ တက်ရောက်ခဲ့သော အဆိုပါလူထုစုဝေးပွဲတွင် အာဏာသိမ်းစစ်တပ်ကို မြန်မာပြည်တွင်းမှ ပထဆုံး လူထုဆန့်ကျင်လှုပ်ရှားမှုဖြစ်သော သံပုံးတီးသပိတ်ကို ပြည်လည်အသက်သွင်း ပုံဖော်ခဲ့ကြကြောင်း သိရှိရသည်။

ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုဖြစ်သော အဖြူရောင်သပိတ်နှင့် Peace’s of white လှုပ်ရှားမှုများကိုလည်း ဂုဏ်ပြုတင်ဆက်ခဲ့သည်။

ထို့ပြင် အမျိုးသမီးများကိုဂုဏ်ပြုသောအားဖြင့် ထမိန်သပိတ်ကိုလည်းသရုပ်ပြကာ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ကြောင်းပြသခဲ့ကြသည်။

ဒါရိုက်တာကိုပေါက်ရေးသားသော “မိုးခါးရေ ငါတို့မသောက်ဘူးလေ” သီချင်းကို မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့မှ တက်ရောက်လာသော အဆိုတော် ကိုဝင်းနိုင်စိုးမှသီဆိုဂုဏ်ပြုခဲ့ကြောင်း၊ Melody world မှ အဆိုတော်ကျော်သီဟကလည်း တော်လှန်ရေးသီချင်းများသီဆိုကာဖျော်ဖြေခဲ့ကြောင်း၊ ထို့နောက်ကြွေးကြော်သံများ သံပြိုင်ဟစ်ကြွေးကာ ညနေပိုင်းတွင်အခမ်းအနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article