30.3 C
Yangon

ဆီဆိုင်မြို့ရှိ သံဃာ တော် ၅၀၀ ကျော် စာသင်ကြားရာ ဇဝနာရာမပရိယတ္တိစာသင်တိုက်ကို လေကြောင်းဖြင့် စစ်တပ်က ဗုံးကျဲဖျက်ဆီး

Must read

ဆီဆိုင်မြို့ရှိ သံဃာ တော် ၅၀၀ ကျော် စာသင်ကြားရာ ဇဝနာရာမပရိယတ္တိစာသင်တိုက်ကို လေကြောင်းဖြင့် စစ်တပ်က ဗုံးကျဲဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းတိုင်းရင်းသားများ နေထိုင်ရာ ဆီဆိုင်မြို့နှင့်ကျေးရွာများကို စစ်ကောင်စီက အလုံးစုံဖျက်ဆီးရေး လုပ်ဆောင်နေပြီး သံဃာတော် ၅၀၀ ကျော်စာသင်ကြားရာ ဇဝနာရာမပရိယတ္တိစာသင်တိုက်ကို လေကြောင်းဖြင့် စစ်တပ်က ဗုံးကျဲ ဖျက်ဆီးလိုက်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က တရားဝင် သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၄ ရက်နေ့ ဆီဆိုင်မြို့ကို PNLA နှင့်မဟာမိတ်တပ်များက စတင် သိမ်းပိုက်ပြီးချိန်မှစတင်၍ ယနေ့အထိ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်လက်ပြုလုပ်နေလျက်ရှိကြောင်း၊ စစ်ကောင်စီက ၎င်းတို့ လက်လွတ်ဆုံးရှုံးရသည့်မြို့များ ရွာများကို အလုံးစုံဖျက်ဆီးပစ်ရေးသဘောထားဖြင့် ပအိုဝ်းကျေးရွာများ မြိုများကို ဖျက်ဆီးနေခြင်းဖြစ်ကြောင်း PNLA က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်လည်း မြေပြင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက တစ်နေကုန်တစ်နေခန်း သထုံႏပေႏ(ဆီဆိုင်)မြို့ကို လက်နက်ကြီးများ လေယာဉ်များဖြင့် ပစ်ခတ်ဗုံးကျဲမှု ပြုလုပ်သောကြောင့် မြိုဂုဏ်ဆောင် ဇဝနာရာမပရိယတ္တိစာသင်တိုက်ကြီး အဆောက်အဦး အချို့ပျက်စီးခဲ့ရကြောင်း၊ ဇဝနာရာမပရိယတ္တိစာသင်တိုက်သည် သံဃာတော် ၅၀၀ ကျော်ကို ဗုဒ္ဓစာပေများ သင်ကြားပေးကာ အေးချမ်းစွာ သာသနာပြုနေသည့် ပအိုဝ်းဒေသအတွင်းရှိ အကြီးမားဆုံး စာသင်တိုက်ဖြစ်ကာ ပအိုဝ်းတမျိူးသားလုံး အထွဋ်အမြတ်ထားကိုးကွယ်သည့် ဘုန်းတော်ကြီးကျောင်းဖြစ်ကြောင်း PNLA က ပြောသည်။

ပအိုဝ်းတမျိုးသားလုံး အထွဋ်အမြတ်ထားကိုးကွယ်သည့် ဇဝနာရာမပရိယတ္တိစာသင်တိုက်ကြီးကို စစ်ကောင်စီက ဗုံးကျဲဖျက်ဆီးခြင်းသည် လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုကို ဖျက်စီးသည့်လုပ်ရပ်ဖြစ်ပြီး ပအိုဝ်းတမျိုးသားလုံး၏ နှလုံးသည်းအူကို မီးရှိသည့်လုပ်ရပ်ပင်ဖြစ်ကြောင်း၊ စစ်ကောင်စီက ဗုံးကြဲဖျက်စီးခဲ့သည့် ဇဝနာရာမပရိယတ္တိစာသင်တိုက်ကြီးသည် တိုက်ပွဲဖြစ်ပွားသည့်နေရာလည်းမဟုတ်သလို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တပ်ဖွဲဝင်များရှိသည့် နေရာလည်း မဟုတ်ကြောင်း PNLA ၏ ထုတ်ပြန်ချက်က ဆိုသည်။

သထုံႏပေႏ(ဆီဆိုင်)မြိုကို မိမိတို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)မှ ထိန်းချုပ်ပြီးနောက် စစ်ကောင်စီသည် ပအိုဝ်းမြိုများ ရွာများကို အလုံးစုံဖျက်ဆီးပစ်ရေးသဘောထားဖြင့် တိုက်ခိုက်ဖျက်စီးခြင်းကြောင့် ဘုန်းတော်ကြီးကျောင်း ၅ ကျောင်း၊ ဓမ္မာရုံ ၁ ခု၊ ဘုရားရှိခိုးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း နှင့် ပြည်သူများ၏ နေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article