25 C
Yangon

တောင်တွင်းကြီးမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင်ရန် စုဆောင်းနေသူ ဆန်းဝင်း ပစ်ခတ်ခံရပြီးသေဆုံး

Must read

တောင်တွင်းကြီးမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင်ရန် စုဆောင်းနေသူ ဆန်းဝင်း ပစ်ခတ်ခံရပြီးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ တောင်တွင်းကြီမြို့နီးတွင် ပြည်သူ့စစ်(ပျူစောထီး) အဖွဲ့ဝင် စုဆောင်းနေသူ ဆန်းဝင်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံး သွားကြောင်း Magway Guerilla Warfare(မကွေးအထူးပြောက်ကျားတပ်ဖွဲ့) ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၃ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၃၀ အချိန်က တောင်တွင်းကြီးမြို့နယ်၊ ပုဂံကုန်းအုပ်စု၊ ရွှေအင်ပင်ကျေးရွာနေ ဒုတိယပြည်သူ့စစ်စုဆောင်းရေးမှူး ဆန်းဝင်သည်အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းကာ ကျေးရွာနေပြည်သူများကို ပြည်သူ့စစ်(ပျူစောထီး)အဖွဲ့ဝင်ရန် အတင်းအဓမ္မခြိမ်း ခြောက် စာရင်းကောက်ယူခြင်း၊ အကြမ်းဖက်စစ်သား၊ ရဲထံ သတင်းပေးနေခြင်းတို့က သေနတ်ဖြင့် ၄ ချက်ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို Magway Guerilla Warfare(မကွေးအထူးပြောက်ကျားတပ်ဖွဲ့) ၊ TDG Special Guerilla Force (တောင်တွင်းကြီးအထူးပြောက်ကျားတပ်ဖွဲ့)၊ Yenanthar Youth Force (ရေနံချောင်း)နှင့် မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ ပစ်ခတ်ရှင်းလင်းခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောာင်စီသည် ပြည်သူအချင်းချင်း တိုက်ခိုက်ကြစေရန် ပြည် သူ့စစ်များ ဖွဲ့စည်းရန် ကြိုးစားနေပြီး မိဘပြည်သူများအနေဖြင့် အမြင်မှန်ရကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း ပါဝင်ပေးကြရန်၊ အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ရဲ၊ ထောက်တိုင်မှန်သမျှကို တွေ့သည့်နေရာတွင် ရှင်းလင်းသွားမည်ဖြစ်သဖြင့် မိဘပြည်သူများမှ ပူးပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ- ပျူစောထီး(ခေါ်) ပြည်သူ့စစ်များကို စစ်တပ်က စစ်သင်တန်းပေးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article