25 C
Yangon

တောင်တွင်းကြီးနှင့် ပြည်မြို့နယ်တွင် စစ်တပ်က တပ်သားသစ်နှင့်ပြည်သူ့စစ် စုဆောင်းရန် မဲနှိုက်ခိုင်း၊ လူမပေးနိုင်သည့် နေအိမ်များ တစ်အိမ် လစဉ် ငွေကျပ် ၂ သောင်းပေးရမည်ဟုဆို

Must read

တောင်တွင်းကြီးနှင့် ပြည်မြို့နယ်တွင် စစ်တပ်က တပ်သားသစ်နှင့်ပြည်သူ့စစ် စုဆောင်းရန် မဲနှိုက်ခိုင်း၊ လူမပေးနိုင်သည့် နေအိမ်များ တစ်အိမ် လစဉ် ငွေကျပ် ၂ သောင်းပေးရမည်ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ပဲခူးတိုင်း၊ ပြည်မြို့နယ်ရှိ ကျေးရွာများတွင် စစ်တပ်က တပ်သားသစ်နှင့် ပြည်သူ့စစ်များ စုဆောင်းရန် မဲနှိုက်ခိုင်းနေပြီး လူမပေးနိုင်သည့် နေအိမ်များအနေဖြင့် တစ်အိမ်လျှင် လစဉ် ငွေကျပ် နှစ်သောင်းကျပ်ပေးရမည်ဟု စစ်တပ်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက တောင်းခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်ရှိ ကျေးရွာများအားလုံးကို စစ်တပ်က မဲနှိုက်ခိုင်းပြီး တပ်သားသစ်နှင့် ပြည်သူ့စစ်များ စုဆောင်းနေကြောင်း၊ တောင်တွင်းကြီးမြို့နယ်၊ ကြက်မှောက်ရွာ၊ ရေပြားရွာ ၊ ရွာသစ်ရွာ ပိန်းနှဲပင်ရွာ တို့တွင် မဲနှိုက်ခိုင်းပြီး မဲပေါက်သူများကို တပ်သားသစ်အဖြစ် စုဆောင်းနေကြောင်း သိရှိရသည်။

“မနေ့က တောင်တွင်းကြီးက ရွာတွေမှာ မဲနှိုက်ခိုင်းပြီး လူတွေ စုဆောင်းတယ်။ မဲပေါက်တဲ့သူတွေကို စစ်သင်တန်းတက်ခိုင်းမယ်ပြောတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ပဲခူးတိုင်းပြည်မြို့နယ် ဝက်ထီးကန်တိုက်နယ် တလုပ်ပင်ကျေးရွာအုပ်စုရှိ ကျေးရွာ ၄ ရွာတွင်လည်း တစ်ရွာလျှင် လူဦးရေ ၅ ဦးနှုန်းဖြင့် မဖြစ်မနေ တပ်သားသစ်အဖြစ် စုဆောင်းပေးရန် စစ်တပ်က ခိုင်းစေကြောင်း၊ လူမပေးနိုင်သည့် နေအိမ်များအနေဖြင့် တစ်လလျှင် တစ်အိမ် ငွေကျပ် နှစ်သောင်းနှုန်းပေးဆောင်ခိုင်းကြောင်း၊ သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များက ပြည်သူများကို အတင်းအကျပ် ဖိအားပေးလျက်ရှိကြောင်း သိရှိရသည်။

“တပ်သားသစ်စုဆောင်းဖို့ လူမလိုက်တဲ့အိမ်က တစ်အိမ်ကို ‌ငွေကျပ် ၂၀၀၀၀ နှုန်း ပေးဆောင်ရပါမယ် ဆိုပြီး စစ်ခွေးနဲ့ တလုပ်ပင်အုပ်ချုပ်ရေးမှူးက အခုမနက် ရွာမှာ အစည်းဝေးခေါ်ပြောတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်က စုဆောင်းလျက်ရှိသော ပျူစောထီး ပြည်သူ့စစ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article