25 C
Yangon

သံတောင်ကြီးမြို့နယ်၊ လိပ်သိုဗျူဟာ၊ မိုင်းလွန်ပင်မ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းနှင့် ရိက္ခာများ သိမ်းဆည်းရရှိ

Must read

သံတောင်ကြီးမြို့နယ်၊ လိပ်သိုဗျူဟာ၊ မိုင်းလွန်ပင်မ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းနှင့် ရိက္ခာများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

ကရင်ပြည်နယ်၊ လိပ်သိုဗျူဟာ၊ မိုင်းလွန်ပင်မစစ်တပ်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်တပ်ဘက်မှ ၂၀ ဦးကျော် သေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့မှစတင်၍ ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဗျုဟာ လက်အောက်ခံ မိုင်းလွန်ပင်မစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန တို့ ပူးပေါင်းကာ ၃ ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စခန်းသိမ်းပြီးနောက် နယ်မြေရှင်းလင်းရာ မီးရှို့ဖျက်ဆီးထားသော စစ်သားအလောင်း ၇ လောင်းအပါအဝင် စစ်ကောင်စီတပ်မှ တပ်သား ၂၀ ကျော်သေဆုံးခဲ့ကြောင်း၊ လက်နက်ကြီးကျည်၊ ရိက္ခာများနှင့် ခဲယမ်းမီးကျောက်များ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article