25 C
Yangon

ရေစကြို ကပ်ကျော်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦး ဒဏ်ရာရ၊ နွားထိုးကြီးတွင် စစ်ကားတန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကပ်ကျော်ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီ တပ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဖေဖော်ဝါရီလ ၃ ရက် ညနေ ၃ နာရီခွဲခန့်အချိန် ရေစကြိုမြို့ ကပ်ကျော်ဘုန်းကြီးကျောင်း အတွင်း တပ်စွဲ ထားသည့် စစ်ကောင်စီတပ်သားများကို ၄၀ မမ ဗုံးသီး ၁ လုံး၊ လက်ပစ်ဗုံး တစ်လုံးတို့ဖြင့် အနီးကပ် ဝင် ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ နေထိုင်ရာ အဆာင်မှာ သွပ် ၅ ချပ်လန်ထွက် သွားပြီး စစ်ကောင်စီတပ်သား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများက လက် နက် ငယ်များဖြင့် ရပ် ကွက်များအတွင်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုအတွင်း ပြည်သူထိခိုက်မှုမရှိကြောင်း သိရသည်။

“စံပြတိုက်ပွဲမှာ ကျဆုံးသွားတဲ့ ရဲဘော် ကုလားလေးအတွက် သွေးကြွေးတောင်းတိုက်ပွဲ ဆင်နွှဲခဲ့တာ ပါ၊ လက်တုန့်ပြန်စစ်ဆင်ရေးအဖြစ်နဲ့ ၂ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်၊ တိုက်ပွဲမစ်ရှင် တွေ ဆက်လက်ဖော်ဆောင်သွားမှာဖြစ်တဲ့အတွက် လက်နက်ခဲယမ်းဖိုးတွေ ဝိုင်းဝန်းကူညီပေးကြပါ လို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (မြင်းခြံခရိုင်တပ်ရင်း- ၉) နှင့် အတူ TPG ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် လိုအပ်နေသည့် ခဲယမ်း များကို ကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

အလားတူ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်တပ်ပိုင် Mytel တာဝါတိုင်ကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း၊ ယင်းနောက် စစ်ကောင်စီ တပ်သားလိုက်ပါသော ကား များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ် ရင်း ၄ နွားထိုးကြီး PDF ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်အချိန် နွားထိုးကြီးမြို့နယ်၊ မှတ်ခရာကျေးရွာရှိ အကြမ်းဖက်စစ်အုပ်စုပိုင် Mytel တာဝါတိုင်ကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန် နွားထိုးကြီး -မြင်းခြံလမ်းပိုင်း၌ အကြမ်းဖက်စစ်ကောင်စီတပ် သား ၅၀ ခန့်လိုက်ပါလာသည့် ကား ၂ စီးကို ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်တပ်စစ်ကြောင်းက သာယာကုန်းကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး ပြည်ပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေစဉ် Fixed Wings ဒရုန်းလေယာဉ်များဖြင့် ဗုံးသီး ၁ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့အတူ ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေ ၄ နာရီခွဲခန့်အချိန် နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာရှိ ရဲစခန်းကို Drone ဖြင့် ဗုံးသီး ၂ လုံး၊ စစ်ကောင်စီတပ်သားများ တပ်စွဲထားနေထိုင်ရာ လျှပ်စစ်ဓာတ်အားပေးခွဲရုံကို ဗုံးသီး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defense Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ မြင်းခြံ ခရိုင် အမှတ် ၈ တပ်ရင်း NRDF၊ နွားထိုးကြီးမြို့နယ် ပကဖနှင့် Myingyan District Drone Strike အမှတ် – 1848 ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ကရင်နီပြည်နယ်တွင် ယမန်နှစ် မိုင်းဆွဲခံရသော စစ်ကောင်စီ၏ စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article