25 C
Yangon

ဒီပဲယင်းမြို့နယ်၊ ပလိုင်းကျေးရွာရှိ စစ်တပ်ကို ၂ ရက် ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ပလိုင်းရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ၂ ရက် ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ယူနီကွန်း ပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့ ဒီပဲယင်းမြို့နယ်၊ ပလိုင်းကျေးရွာ၌ တပ်စွဲထားသော စစ် ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီး အလုံး ၂၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သားများ နေထိုင်ရာ ဘန်ကာအတွင်း တည့်မတ်စွာ ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်သား ၂ ဦး ပွဲချင်းပြီးသေဆုံးကာ တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒီပဲယင်းမြို့နယ်၊ ပလိုင်းကျေးရွာမှာ တပ်စွဲထားတဲ့ ခွေးတွေကို ၂ ရက် ဆက်တိုက် ဗုံးသီး အလုံး ၂၀ ကျော်ကျဲချတိုက်ခိုက်ခဲ့တာ၊ ဒုတိယနေ့ တိုက်ခိုက်မှုမှာ သူတို့နေတဲ့ နေရာကို တိတိကျကျ ကျတယ်၊ ချက်ချင်း အလောင်းနှစ်လောင်း ဆွဲထုတ်သွားတာကို မျက်မြင်တွေက Video ရိုက်ထားတယ်လို့ ပြောတယ်၊ အဲဒီနေ့ ညနေ ၅ နာရီလောက်မှာပဲ အမိန့်ပြန်ပြီး သင်္ဂြိုလ်လိုက်တာ၊ ၂ ဦးသေပြီး တစ်ဦး အပြင်းအထန် ဒဏ်ရာရပါတယ်” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်းပျောက်ကြားတပ်ဖွဲ့၊ Phoenix SGG ၊ Royal Falcon Guerrilla Force နှင့် နယ်မြေဒေသ ပကဖ အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှု များအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၄၀ မမ ဗုံးသီး ၂ လုံး ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်ရေး ဒရုန်းတစ်ခု။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article