25 C
Yangon

လူသတ်သမား အာဏာရှင် မင်းအောင်လှိုင် နိုင်ငံတကာ တရားစီရင်မှု ခံထိုက်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးပို့ရေး ပြင်ဆင်ရမည်ဟု ချက်နိုင်ငံ ပါလီမန် နိုင်ငံခြား၊ ကာကွယ်ရေးနှင့်လုံခြုံရေးကော်မတီ ဥက္ကဋ္ဌ ပြောဆို

Must read

လူသတ်သမား အာဏာရှင် မင်းအောင်လှိုင် နိုင်ငံတကာ တရားစီရင်မှု ခံထိုက်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးပို့ရေး ပြင်ဆင်ရမည်ဟု ချက်နိုင်ငံ ပါလီမန် နိုင်ငံခြား၊ ကာကွယ်ရေးနှင့်လုံခြုံရေးကော်မတီ ဥက္ကဋ္ဌ ပြောဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

မြန်မာနိုင်ငံမှ လူသတ်သမား အာဏာရှင် မင်းအောင်လှိုင်သည် နိုင်ငံတကာ တရားစီရင်မှု ခံထိုက်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇ ဝတ် ခုံရုံးပို့နိုင်ရေး ပြင်ဆင်ရမည်ဟု ချက်သမ္မတ နိုင်ငံပါလီမန် နိုင်ငံခြား၊ ကာကွယ်ရေးနှင့်လုံခြုံရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ် အထက်လွှတ်တော်အမတ်လည်းဖြစ်သူ ပါဗယ်ဖစ်ရှာက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ “ သူရဲကောင်းဝါဒ၊ ဒီမိုကရေစီ၊ ဖယ်ဒရယ်ဝါဒနဲ့ မြန်မာ့ အနာဂတ်” တွေ့ဆုံဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“မင်းအောင်လှိုင်နဲ့ ပူတင်တို့လို လူသတ်သမား အာဏာရှင်တွေကို နိုင်ငံတကာ တရားစီရင်မှုခံထိုက်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒီအရေးအောင်မြင်ဖို့အတွက်လည်း ကျွန်တော်တို့ဟာ သက်သေအထောက်အထားတွေကို စုဆောင်းပြီး နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးကိုပို့ဖို့ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ မြန်မာပြည်က ပြည်သူသန်းပေါင်းများစွာဟာ စစ်အုပ်စုကြောင့် နာကျင်နေကြရပါတယ်။ မြန်မာပြည်က ခြောက်ခြားစရာ ရက်စက်မှုတွေအတွက် စစ်တပ်မှာ တာဝန်ရှိတယ်လို့ ချက်သမ္မတနိုင်ငံနဲ့ ဥရောပမှာ ရှိနေတဲ့ ကျွန်တော်တို့အနေနဲ့ သိနေပါတယ်။ သက်သေတွေကတော့ ရှိနေပါပြီ။ ဒီသက်သေတွေက မြန်မာစစ်တပ်နဲ့ သူအပေါင်းအပါ ပြည်သူ့စစ်တွေဟာ စစ်ရာဇဝတ်မှုတွေကို ခပ်စိပ်စိပ်ပိုပြီး လက်ရဲဇက်ရဲ ကျူးလွန်လာကြပါတယ်” ဟု ချက်သမ္မတ နိုင်ငံပါလီမန် နိုင်ငံခြား၊ ကာကွယ်ရေးနှင့်လုံခြုံရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ် အထက်လွှတ်တော်အမတ်လည်းဖြစ်သူ ပါဗယ်ဖစ်ရှာက ဆက်လက်ပြောဆိုသည်။

မင်းအောင်လှိုင်ကို အရေးယူနိုင်ရေး နိုင်ငံတကာက စုစည်း ညီညွတ်ရမည်ဖြစ်ကြောင်း၊ မြန်မာပြည်သူများ၏ ဒီမိုကရေစီ အပေါ် ပြင်းပြသော ဆန္ဒက အားရစရာကောင်းကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“နိုင်ငံတကာက အင်အားစုတွေကို ညီညီညွတ်ညွတ်စုစည်းနိုင်မှာသာ ဒီလိုလူတွေကို အရေးယူနိုင်မှာဖြစ်တယ်။ မြန်မာစစ်တပ်ဟာ ပြည်သူတွေက ဘယ်လိုပဲသတ္တိရှိရှိ ဆန့်ကျင်ပုန်ကန်နေပေမယ့် အတင်းအုပ်ချုပ်ဖို့ ကြိုးစားနေတယ်။ ဒါဟာ မတရားမှုကို ကြံ့ကြံခံတော်လှန်နေတဲ့ ပြည်သူတွေရဲ့ သန္နိဌာန်ခိုင်မာမှုနဲ့ ပြင်းပြတဲ့ ဆန္ဒကို အားရစရာဖော်ပြနေတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်သူတွေရဲ့ အသံကို ကြားပါတယ်။ တတ်နိုင်တာတွေကို ဝိုင်းလုပ်ဖို့လည်း အဆင်သင့်ပါ။ မြန်မာပြည်သူတွေရဲ့ အသံကို နိုင်ငံတကာမှ ပဲ့တင်ထပ်ဖို့ ကြိုးစားကြမှာပါ” ဟု ၎င်းက ဆက်လက်ပြောဆိုသွားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံ၏ မိတ်သဟာယ ဥရောပ လွှတ်တော် အမတ်များ၊ ချက်သမ္မတနိုင်ငံမှ ပါလီမန်အမတ်များနှင့်သြစတြီးယား၊ ပြင်သစ်၊ နော်ဝေ၊ သြစတြေးလျားတို့မှ ပါလီမန်အမတ်များ တက်ရောက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံကိုယ်စားပြု၍ CRPH နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဌ ဒေါ်မြတ်သီတာထွန်း ဦးဆောင်သော အဖွဲ့၊ ကရင် အမျိုးသားအစည်းအရုံး၏ အထွေ ထွေ အတွင်းရေးမှူး စောတာဒိုမူး၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်လည်းဖြစ်၊ KNDF ဥက္ကဌလည်းဖြစ်သူ ခွန်ဘီထူး၊ အထွေ ထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစုမှ ခရစ္စတင်းတို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article