24.9 C
Yangon

မိုးညှင်းမြို့ရှောင်လမ်းတွင် ခရီးသွားပြည်သူများကို ငွေတောင်းခံ နှောင့်ယှက်နေသော စစ်သားတစ်ဦးနှင့်အပေါင်းတစ်ဦးကို PDF က ဖမ်းဆီးရာမှ စစ်သား သေ ဆုံး၊ အပေါင်းအပါကို လက်နက်နှင့်အတူ ဖမ်းဆီး ထိန်းသိမ်းထား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မြို့ရှောင်လမ်းတွင် ခရီးသွားပြည်သူများကို ငွေတောင်းခံ နှောင့်ယှက်နေသော စစ်သားတစ်ဦးနှင့်အပေါင်းတစ်ဦးကို PDF က ဖမ်းဆီးရာမှ စစ်သားမှာ ပြန်လည်ခုခံသဖြင့် ပစ်ခတ်မှုအတွင်း သေဆုံးသွားကာ အပေါင်းအပါကို လက်နက်နှင့်အတူ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း မိုးညှင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ် အချိန် မိုးညှင်းမြို့ရှောင်လမ်းတွင် ခရီးသွားပြည်သူများကို အဓမ္မငွေတောင်းခံနှောင့်ယှက်နေသော စစ်ကောင်စီတပ်သားတစ်ဦးနှင့် အပေါင်းအပါတစ်ဦးတို့ ရှိနေကြောင်း ပြည်သူလူထုက သတင်းပေးပို့လာကြောင်း၊ ထို့ကြောင့် မိုးညှင်း K-PDF တပ်ရင်းက သွားရောက်ဖမ်းဆီးခဲ့ရာ စစ်သားက လက်နက်ဖြင့် ပြန်လည်ပစ်ခတ်ခုခံရန် ကြိုးစားကြောင်း၊ ထို့ကြောင့် ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားကို အသေပစ်ခတ်ဖမ်းဆီးခဲ့ရပြီး လက်နက်မပါသော စစ်သား၏ အပေါင်းအပါကိုမူ အရှင်လက်ရ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသည့် စစ်ကောင်စီတပ်သား ကိုင်ဆောင်သော သေနတ်တစ်လက်နှင့်အတူ ၎င်းတို့ကိုင်ဆောင်သော ဖုန်းနှစ်လုံးကို မိုးညှင်း K-PDF တပ်ရင်းက သိမ်းဆည်းရရှိခဲ့ကြောင်း၊ မိုးညှင်းမြို့နယ်နေ ပြည်သူများအနေဖြင့် အကြမ်းဖ က်စစ်ကောင်စီနှင့် ပတ်သတ်သော သတင်းများကို မိုးညှင်း K-PDF တပ်ရင်းသို့ အချိန်နှင့်တပြေးညီ ဆက်သွယ်သတင်းပေးကြရန် ၎င်းက မေတ္တာရပ်ခံသည်။

“ကျနော်တို့ အသေပစ်ဖမ်းရတာက စစ်သားကိုပါ။ လက်နက်မပါတဲ့ ကျန် စစ်သားရဲ့ အပေါင်းအပါ အရပ်သားကိုတော့ ဖမ်းဆီး ထိန်းသိမ်းထားပါတယ်” ဟု မိုးညှင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article