25 C
Yangon

Breaking News- ဒီးမော့ဆိုရှိ စစ်ဘေးရှောင်ကလေးငယ်များ၏ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှု ကလေးငယ် ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်ကလေးငယ်များ၏ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချရာ ကလေးငယ် ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိကြောင်း ကရင်နီဒေသသတင်းရင်းမြစ်JOBS For Kayahက သတင်းဖော်ပြသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန် စစ်ရေးပစ်မှတ် မဟုတ်သည့် စစ်ဘေးရှောင်ကလေးများနှင့် ဒေသ ကျေးရွာမှ ကလေးများ စာသင်ကြားနေသည့် စာသင်ကျောင်းကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးများကျဲချရာ ကလေးငယ် ၄ ဦးသေဆုံးပြီး ကလေးငယ် ၁၀ ဦးကျော်ဒဏ်ရာရရှိကြောင်း၊ သေဆုံးသူ ကလေးငယ်များမှာ အသက် ၁၁ နှစ်မှ အသက် ၁၃ နှစ်အကြား ယောင်္ကျားလေးများဖြစ်ကြောင်း သိရှိရသည်။

“ဒဏ်ရာရတဲ့ ကလေးတွေထဲမှာလည်း ဒဏ်ရာ အရမ်းပြင်းလို့ စိုးရိမ်ရတယ်လို့ ကြားတယ်။ ကလေးတွေ စာသင်နေတုန်း၊ ကျောင်းတက်ချိန်မှာ ဗုံးလာကျဲချသွားတာ။ ဒဏ်ရာရ ကလေးတွေထဲမှာ ဘယ်လောက် အခြေအနေဆိုးကြလဲဆိုတာတော့ အသေးစိတ်တော့ မသိရသေးဘူး။ “ဟု ကရင်နီဒေသမှ တော်လှန်ရေး သတင်းရင်းမြစ်တစ်ခုက ရှင်းပြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article