26 C
Yangon

“၀” ဒေသတွင် ပုန်းအောင်းနေသော အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့် သံသယတရားခံ တရုတ်နိုင်ငံသား ၂၄ ဦးကို တရုတ်ထံသို့ လွှဲပြောင်း

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

“၀” ပြည်နယ်တွင် ပုန်းအောင်းနေသော အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့် သံသယတရားခံ တရုတ်နိုင်ငံသား ၂၄ ဦးကို တရုတ်ထံသို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရှိရသည်။

ပြည်သူလူထု၏ သတင်း ပေးပို့ တိုင်ကြားချက်အရ UWSA အုပ်ချုပ်နေသော “ဝ” ပြည်နယ်တွင် ပုန်းအောင်း ခိုဝှက်နေသည့် တရုတ်နိုင်ငံသား ကျားဖျန့် သံသယ တရားခံ ၂၄ ဦးကို “ဝ” တပ်ဖွဲ့က ရှာဖွေ ဖမ်းဆီးရရှိခဲ့ကြောင်း၊ ၎င်းတို့နှင့်အတူ လက်ကိုင်ဖုန်း ၆၄ လုံး ၊ ကွန်ပျူတာ ၂၅ လုံး နှင့် တရုတ်နိုင်ငံသား မှတ်ပုံတင်များကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးရရှိသော တရုတ်နိုင်ငံသားများကို ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်း မြန်မာ – တရုတ် နယ်စပ် မုန်းအား နယ်စပ်ဂိတ်ပေါက်မှတစ်ဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရှိရသည်။

အွန်လိုင်း ငွေလိမ်လည်ဂိုဏ် ဖြိုခွဲ တိုက်ဖျက်ရေး စတင်ခဲ့ချိန်မှ ယနေ့အထိ မြန်မာနိုင်ငံဘက်က

ကျားဖျန့် တရားခံ ၄၅,၀၀၀ နီးပါးကို ဖမ်းဆီးပြီး တရုတ်နိုင်ငံဘက်ကို ပြန်လည် လွှဲပြောင်းပေးအပ်ပြီး ဖြစ်​ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article