25 C
Yangon

တံတားဦးမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်တွင် ပျူစောထီး အဖွဲ့ဝင် ၂ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးခဲ့ကြောင်း တံတားဦးမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ ည ၁၀ နာရီခန့်တွင် တံတားဦးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာမှ ပျူစောထီး အဖွဲ့ဝင် နိုင်ဝင်းနှင့် မွန်ကျော်တို့ကိုခတံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး နိုင်ဝင်းနှင့် မွန်ကျော်တို့သည် ပြည်သူ့စစ် သင်တန်းဆင်း ပျူစောထီးများဖြစ်ပြီး သင်တန်းဆင်းပြီး ချိန်မှစ၍ တံတားဦးမြို့နယ် အတွင်း စစ်တပ်ကထိုးသော စစ်ကြောင်းများတွင် ၎င်းတို့ကိုယ်တိုင် လိုက်ပါခြင်း၊ ပေါက်မြိုင်ကျေးရွာတွင် လာရောက် အထိုင်ချသော စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ ပြည်သူများအား ခြိမ်းခြောက်အနိုင်ကျင့်ခြင်း၊ ဒေသတွင်းရှိ တော်လှန်ရေး ရဲဘော်များ၏ မိသားစုများ နေထိုင်ရာအိမ်များကို ကိုယ်တိုင်လိုက်ပြ၍ ရှာဖွေဖမ်းဆီးစေခြင်း၊ ဒေသတွင်းရှိ တော်လှန်ရေးအင်အားစု များ၏ လှုပ်ရှားမှုသတင်းများကို စစ်ကောင်စီဗိုလ်များထံသို့ သတင်းပို့ခြင်းများ ဆောင်ရွက်နေသူများ ဖြစ်​ကြောင်း သိရသည်။

အဆိုပါ ပျူစောထီး ၂ ဦးသည် စစ်တပ်နှင့် ပူးပေါင်းကာ တော်လှန်ရေး အင်အားစုများကို နှောင့်ယှက် ဒုက္ခပေးခြင်း၊ တော်လှန်ရေး အင်အားစုများ၏ လှုပ်ရှားမှု သတင်းများကို စစ်တပ်ထံ ပေးပို့နေခြင်း၊ စစ်တပ်နှင့် ပူးပေါင်း၍ ပြည်သူများကို အနိုင်ကျင့် နှိပ်စက်ခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိသောကြောင့် ပြည်သူများကြုံတွေ့နေရသော ဒုက္ခများ ပြေလည်စေရန်၊ တော်လှန်ရေး အင်အားစုများ၏ လှုပ်ရှားမှုများ အဆင်ပြေစေရန် ရည်ရွယ်‌၍ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း တံတားဦးမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

တံတားဦးမြို့နယ်အတွင်း စစ်တပ်နှင့် ပူးပေါင်းကာ ပြည်သူများကို ဒုက္ခ‌ပေးခြင်း၊ တော်လှန်ရေးဆိုင်ရာ သတင်းအချက်အလက်များကို စစ်တပ်ထံ ပေးပို့ နေသော မည်သူ့ကိုမဆို ပြည်သူ့မျက်နှာကို ရှေးရှု၍ တံတားဦးမြို့နယ် ပကဖက ဆက်လက် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article