By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ရခိုင်ပြည်နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ကျောက်တော် ခမရ ၃၇၆ နဲ့ မြောက်ဦး ခမရ ၃၇၈ တပ်ရင်း ၂ ခုလုံးကို ရခိုင်တပ်တော် AA ကနေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ညီနောင် မဟာမိတ် ၃ ဖွဲ့က တရားဝင် ထုတ်ပြန်လိုက်တယ်။
-မြန်မာ စစ်ကောင်စီက အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှု အပါ အဝင် ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်မှုတွေအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၉ နိုင်ငံက ပြင်းပြင်း ထန်ထန် ရှုတ်ချလိုက်တယ်လို့ ကုလကနေ တရားဝင် ကြေညာလိုက်ပါတယ်။
-ကရင်နီပြည်မှာ အကြမ်းဖက် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၄ ဦးအပါ အဝင် ပြည်သူ ၅ ဦးသေဆုံးမှုအတွက် စစ်ကောင်စီကို ကုလသမဂ္ဂ နဲ့ နိုင်ငံတကာကနေ အရေးယူ ပေးဖို့ ကရင်နီပြည်နယ်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC က တောင်းဆိုလိုက်တဲ့ သတင်းအပါ အဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
