37 C
Yangon

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသူ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းနှင့်တပ်ဖွဲ့ဝင် ၂၃၀ ဦးကျော် ရှိလာ

Must read

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသူ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းနှင့်တပ်ဖွဲ့ဝင် ၂၃၀ ဦးကျော် ရှိလာ

■ ဘင်္ဂလားဒေ့ရှ်တွင် မြန်မာက ပစ်လိုက်သည့် ကျည်မှန်၍ ၂ ဦးသေဆုံးမှုနှင့် မြန်မာတပ်သားများ ထွက်ပြေးလာမှု စစ်ကောင်စီသံအမတ်ကို ဆင့်ခေါ် ကန့် ကွက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် AA ရက္ခိုင်တပ်တော် ၏ ထိုးစစ်ဆင်မှုကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသူ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းနှင့် တပ်ဖွဲ့ဝင် ၂၃၀ ကျော်ရှိလာကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းမီဒီယာများက သတင်းဖော်ပြသည်။

လက်ရှိတွင် မြန်မာဘက်မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ဖြုတ်သိမ်းပြီး ယာယီခိုလှုံရာနေရာများဆီသို့ ရွှေ့ပြောင်းပေးနေကြောင်း၊ ယနေ့တွင်လည်း မြန်မာနယ်ခြားစောင့်ရဲ ၇ ဦး ဘင်္ဂလားဒေ့ရှ်ထဲသို့ ထပ်မံ ဝင်ပြေးလာကြောင်း၊ ထွက်ပြေးလာသူများတွင် ဒဏ်ရာရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပါဝင်လာပြီး ၎င်းတို့ကို နယ်စည်းမခြားဆရာဝန်များ အဖွဲ့ အပါအဝင် အဖွဲ့များက ဆေးကုသပေးနေကြောင်း သိရှိရသည်။

နယ်စည်းမခြား ဆရာဝန်များ MSF အဖွဲ့ကမူ ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ဖေဖော်ဝါရီလ ၆ ရက်နေ့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးကို ဆေးကုသပေးပြီး သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်းပေးခြင်း၊ သက်သာသူများကို ဆေးခန်းမှ ပြန်လည် စေလွှတ်ခြင်းများ လုပ်ဆောင်ပေးကြောင်း ပြောဆိုသည်။

လက်ရှိတွင် တိုက်ပွဲများဖြစ်ပွားနေသော ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ရှိ ကျောင်း ၅ ကျောင်းကို ပိတ်ထားပြီး ပြည်သူများကိုလည်း ဘေးကင်းရာနေရာများသို့ ပြောင်းရွှေ့ရန် ဘင်္ဂလားဒေ့ရှ်အစိုးရက ပြည်သူများကို အသိပေး‌ ပြောဆိုထားသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်ဘက်သို့ မြန်မာဘက်က ပစ်ခတ်လိုက်သော ကျည်ထိမှန်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အမျိုးသမီးနှင့် ရိုဟင်ဂျာ တစ်ဦး စုစုပေါင်း သေဆုံးသူ ၂ ဦးအတွက်၊ မြန်မာစစ်တပ်ဖွဲ့ဝင်များ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးလာမှုများအတွက် စစ်ကောင်စီ၏ သံအမတ်အောင်ကျော်မိုးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဆင့်ခေါ်၍ ကန့်ကွက်စာပေးပို့လိုက်ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ ဘင်္ဂလားဒေ့ရှ် သံအမတ် အောင်ကျော်မိုးကို ယနေ့ နံနက်ပိုင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတော် ဧည့်ရိပ်သာသို့ ဆင့်ခေါ်ပြီး ကန့်ကွက်စာတစ်စောင်ကို ပေးပို့လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Mia Mohammad Mainul Kabir က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article