25 C
Yangon

ဂန့်ဂေါတွင် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရသော တော်လှန်ရေးရဲဘော် ၂ ဦးမှာ YDF မှ ရဲဘော် ဖိုးတေနှင့်ရဲဘော်သားထောင်တို့ဖြစ်၊ ဘူးလက်လှဆွေ လက်အောက်ခံ မြောက်ခင်ရန်းကျေးရွာမှ ပျူစောထီးအဖွဲ့နှင့်စစ်တပ်က သတ်ဖြတ်ခဲ့

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ကြံ့ဖွတ်ပါတီမှ ဘူးလက်လှဆွေ လက်အောက်ခံ မြောက်ခင်ရန်းကျေးရွာမှ ပျူစောထီးခေါင်းဆောင် ထက်ဝေဦး ဦးဆောင်သော ပျူစောထီးအဖွဲ့နှင့် စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော် ၂ ဦးကို အရှင်ဖမ်းဆီးရရှိချိန်တွင် ဖမ်းဆီးနှိပ်စက်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ပြီး အဆိုပါ သတ်ဖြတ်ခံခဲ့ရသော ရဲဘော် ၂ ဦးမှာ ယောဒေသကာကွယ်ရေးတပ် YDF မှ ရဲဘော်ဖိုးတေနှင့် ရဲဘော်ဖိုးထောင်တို့ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ မြောက်ခင်ရန်းကျေးရွာရှိ ပျူစောထီးတပ်ဖွဲ့၊ စစ်တပ်ကို တော်လှန်ရေး ပူးပေါင်း အဖွဲ့ YDF ၊ YPDF ၊ CNA ၊ CDF-KKG ၊ နဂါးညီနောင်ပကဖ၊ ယောညီနောင်ပကဖ ပူးပေါင်းထားသော မဟာမိတ်တပ်များက တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲတွင် တော်လှန်ရေးရဲဘော် ၂ ဦးကို မြောက်ခင်ရန်းကျေးရွာမှ ပျူစောထီးတပ်ဖွဲ့နှင့် စစ်တပ်က ဖမ်းဆီးရရှိခဲ့ကြောင်း၊ ယင်းရဲဘော် ၂ ဦးကို သံကြိုးများတုပ်ကာ မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

YDF ၏ ထုတ်ပြန်ချက်အရ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးကျေးရွာ ရွာမြောက်အထွက်၊ ဆေးရုံရှေ့ ကုက္ကိုလ်ပင်အောက်တွင် ရဲဘော် ၂ ဦးကို အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခဲ့ကြကြောင်း၊ မသတ်ခင် အကြိမ်ကြိမ် ညှင်း၊ပန်း၊နှိပ်စက်ခဲ့ကြပြီး မီးရှို့သတ်ဖြတ်ချိန်တွင် တစ်အိမ်တစ်ယောက် မဖြစ်မနေ လာရောက်ကြည့်ရှုရန် ပျူစောထီးများက ခြိမ်းခြောက် ခေါ်ယူခဲ့ကြောင်း သိရှိရသည်။

“ဒီလောက်ရက်ရက်စက်စက် လုပ်ထားတဲ့ကျေးရွာဗျ။ မြောက်ခင်ရန်းကျေးရွာက ပျူစောထီးခေါင်းဆောင် ထက်ဝေဦးက ဦးဆောင်ပြီး သတ်တာ။ ဒီလို သတ်ဖြတ်မှုကို ကမ္ဘာကိုလည်း သိစေချင်တယ်” ဟု ဂန့်ဂေါဒေသမှ သတင်းရင်းမြစ်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article