25 C
Yangon

မင်းပြားမြို့မှ ခမရ ၃၇၉ ၊ ခမရ ၅၄၁ တပ်ရင်းများနှင့် မောင်တောမြို့ရှိ တောင်ပြို(လက်ဝဲ) နယ်ခြားစောင့်စခန်းကို AA က တိုက်ခိုက် သိမ်းပိုက်ရရှိ၊ စစ်တပ်ဘက်မှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသူများပြားပြီး AA ထံတွင်လည်း လက်နက်ချသူများပြား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှ ခမရ ၃၇၉ ၊ ခမရ ၅၄၁ တပ်ရင်းများနှင့် မောင်တောမြို့ရှိ တောင်ပြို(လက်ဝဲ) နယ်ခြားစောင့်စခန်းကို AA က တိုက်ခိုက် သိမ်းပိုက်ရရှိကြောင်း မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဖေဖော်ဝါရီလ ၆ ရက်နေ့ ညပိုင်း ထုတ်ပြန်ကြေညာသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် မင်းပြားမြိုအခြေစိုက် “ခမရ ၃၇၉ နှင့် ခမရ ၅၄၁ တပ်ရင်း” တို့ကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း၊ အလားတူ ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့ရှိ တောင်ပြို (လက်ဝဲ) စခန်းကို ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ တတိယမြောက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း ၊ မောင်တောမြို့ရှိ တောင်ပြို (လက်ဝဲ) စခန်းနှင့် တောင်ပြို(လက်ယာ)စခန်းတို့ကို ဖေဖော်ဝါရီလ ၄ ရက်နေ့ကတည်းက AA က စတင်ထိုးစစ်ဆင်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဘင်္ဂလာ‌‌ဒေ့ရှ်နယ်စပ်ဖက်ခြမ်းသို့ လက်နက်ဖြင့် ထွက်ပြေး လွတ်မြောက်သွားကြကြောင်း၊ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲဝင်အရေအတွက်စုစုပေါင်းမှာ သုံးရက်အတွင်း (၂၀၀) အထက်ရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် ရက္ခိုင်ပြည်၊ ရမ်းဗြဲ၊ အမ်းနှင့် မြေပုံမြိုနယ်များတွင်လည်း ယခင်ရက်များနည်းတူ တိုက်ပွဲများဆက်လက်ရှိနေခဲ့ပြီး စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်နှင့် အုပ်ချုပ်ရေးဆိုင်ရာ တပ်ဖွဲဝင်များမှာ ရက္ခိုင့်တပ်တော်ထံတွင် လက်နက်ချအညံ့ခံလာသူများမှာ တစ်နေ့တစ်ခြား ပိုမိုများပြားလာလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းသို့ ထွက်ပြေးသူ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဘင်္ဂလားဒေ့ရှ်ရဲနှင့်စစ်တပ်က ထိန်းသိမ်းထားစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article