25 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

– NUG ၊ KNU ၊ KNPP နှင့် CNF တို့ စုပေါင်း ကြေညာထားတဲ့ နိုင်ငံရေး လမ်းပြမြေပုံ ဘုံသဘောထား ရပ်တည်ချက်ကို KIO ကပါ သဘောတူညီလိုက်ပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။မနေ့ကပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့အစည်းအဝေးမှာ ပြောဆိုလိုကတာဖြစ်ပါတယ်။

– ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ AA ရက္ခိုင်တပ်တော်ရဲ့ ထိုးစစ်ဆင်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတဲ့ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းနဲ့ တပ်ဖွဲ့ဝင် ၂၃၀ ကျော်ရှိလာတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

-မကွေးတိုင်း၊ ရေစကြိုမြို့အဝင်မှာ မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ၁ ဗိုလ်မှူးချမ်းမြေ့အောင် အပါအဝင် ၅ ဦးကို တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး ချမ်းမြေ့အောင်အပါအဝင် ၄ ဦးသေဆုံးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article