25 C
Yangon

ချင်းပြည်နယ်၊ စစ်ဗျူဟာ(အခြေချ) ဟားခါးမှစစ်ဗျူဟာမှူးဗိုလ်မှူးကြီး ဟိန်းထက်အောင် နှလုံးရပ်သေဆုံးမှု စစ်ဘက်သတင်းရင်းမြစ်အတည်ပြု

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ချင်းပြည်နယ်၊ စစ်ဗျူဟာ(အခြေချ) ဟားခါးမှစစ်ဗျူဟာမှူးဗိုလ်မှူးကြီး ဟိန်းထက်အောင် နှလုံးရပ်သေဆုံးသွားသည်ဆိုသော သတင်းမှာ မှန်ကန်မှုရှိကြောင်း စစ်ဘက်သတင်းရင်းမြစ်အတည်ပြုပြောဆိုသည်။

စစ်တက္ကသိုလ်အပတ်စဉ် DSA ၄၂ ကျောင်းဆင်း ဗိုလ်မှူးကြီး ဟိန်းထက်အောင်သည် ခြေလျင်စစ်သားဘ၀မှ တက္ကသိုလ်ဝင်တန်း စားမေးပွဲ ဖြေဆို၍ ဗိုလ်သင်တန်းတက်ခွင့်ရရှိကာ ဗိုလ်မှူးကြီး ဖြစ်လာခဲ့သူဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလ တွင် မင်းတပ်မြို့နယ် စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အဆင့်မှ စစ်ဗျူဟာအခြေချ (ဟားခါး) ၏ စစ်ဗျူဟာမှူးအဖြစ် ရာထူးတိုးပြောင်းရွှေ့ခံရသူ ဖြစ်ကြောင်း သိရှိရသည်။

“ကိုဟိန်းထက်အောင်က အပတ်စဉ် ၄၂ က။ သူ့လက်အောက် တပ်ရင်း ၃ရင်း ကလူတွေ ထွက်ပြေးတာများလို့ နေပြည်တော်က ဖိအာပေးတယ်။ နမခကလည်း ဖိအားပေးတယ်။ အရင်က သူ့မှာ နှလုံးရောဂါခံလည်းမရှိပါဘူး။ သူက ခြေလျင်စစ်သားဘဝကနေ ဗိုလ်မှူးကြီး အဆင့်ဆင့်ရာထူးရလာသူပါ။ ရုတ်တရက် နှလုံးရပ်ပြီးဆုံးသွားတာ။ အမြဲစစ်တိုက်နေပါတယ်ဆိုတဲ့လူတောင် နှလုံးရပ်သေတာ စစ်မတိုက်ဘူးတဲ့ သူတွေ ဆိုရင်တော့ ပြောမနေပါနဲ့တော့” ဟု စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။

ဗိုလ်မှူးကြီး ဟိန်းထက်အောင်က မသေဆုံးမီ ၎င်း၏ အလုပ်များနှင့်ပတ်သက်၍ ပင်ပန်းလွန်းနေသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်ဟု စစ်ဗျူဟာအခြေချ (ဟားခါး)မှ သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article