25 C
Yangon

ရေဦးမြို့နယ် ကုက္ကိုစုကျေးရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်ပြီး လည်လှီး သတ်ဖြတ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ကုက္ကိုစုကျေးရွာမှ ပြည်သူ ၂ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်ပြီး လည်လှီး ကာ ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့ကြောင်း နတ်ဆိုးပြောက်ကျား Local PDF ၏ တာဝန်ခံ ဂျိမ်းစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ ည ၁၁ နာရီ ခွဲအချိန်တွင် အကြမ်းဖက် စစ်သားများသည် ခင်ဦးမြို့နယ် မူးသာကျေးရွာမှ မူးမြစ်ကို ကူး၍ ရေဦးမြို့နယ် ကုက္ကိုစုကျေးရွာသို့ ဝင်ရောက်ခဲ့ကြောင်း၊ ယင်းနောက် ကျေးရွာမှ အသက် ၂၈ နှစ်အရွယ် မောင်ဇော်သိန်းထိုက်နှင့် အသက် ၃၁ နှစ်အရွယ် ကိုသိန်းသန်းကြွယ်တို့ ၂ ဦးကို ဖမ်းဆီးကာ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း နတ်ဆိုးပြောက်ကျားအဖွဲ့၏ တာဝန်ခံ ဂျိမ်းစ်က ဆက်လက် ပြောကြားသည်။

” ဒီစစ်ကြောင်းက ညပိုင်းတွေ အားပြုထွက်တာဗျ။ ကုက္ကိုစုကျေးရွာက မနေ့ညက ဝင်တာ။ တခြားဖမ်းဆီးခံရသူတော့ မရှိဘူး။ ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်သွားတယ်။ ည ၁၂ ခွဲလောက် ပြန်ထွက်သွားတယ်”ဟု နတ်ဆိုးပြောက်ကျားအဖွဲ့၏ တာဝန်ခံ ဂျိမ်းစ်က ရှင်းပြသည်။

အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီးနောက် ညတွင်းချင်းပင် ရေဦးသို့ ပြန်လည်ထွက်ခွာသွားခဲ့ပြီး ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ရေဦးမှ အကြမ်းဖက်စစ်တပ်စစ်ကြောင်း ထွက်လာသည်ဟု သတင်းကြား၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article