25 C
Yangon

ဟုမ္မလင်းမြို့နယ်တွင် SNA တပ်မှ တပ်စိပ်မှူး ၁ ဦး လက်နက် ခဲယမ်းနှင့်အတူ အလင်းဝင်၊ ဆုငွေကျပ် သိန်း ၃၀ ချီးမြှင့်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် SNA တပ်မှ တပ်စိပ်မှူး ၁ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်လာပြီး SNA သည် စစ်ရေးပစ်မှတ် မဟုတ်သဖြင့် အလင်းဝင်ရောက်ကြရန် Homalin People’s Defense Force – HPDF – 124 က ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က ဟုမ္မလင်းမြို့နယ်၊ SNA တပ်ဖွဲ့မှ တပ်စိပ်မှူးအဆင့်ရှိသူ တစ်ဦးသည် AK 23 ဒင်ခေါက်သေနတ် တစ်လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၁၅ တောင့်နှင့် အတူ ထွက်ပြေးလွတ် မြောက်လာကာ ခန္တီးခရိုင် အမှတ် ၃ တပ်ရင်း (HPDF – 124) တပ်ရင်းထံ အလင်းဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့သည့် SNA တပ်သားကို ခန္တီးခရိုင် အမှတ် ၃ တပ်ရင်း (HPDF – 124) မှ ဆုငွေကျပ် သိန်း ၃၀ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ခန္တီးခရိုင် အမှတ် ၃ တပ်ရင်း (HPDF – 124) သည် စစ်အာဏာရှင်အား တော်လှန်ရာတွင် SNA တပ် သည် စစ်ရေးပစ်မှတ် မဟုတ်သဖြင့် အလင်းဝင်ရောက် ပူးပေါင်းလိုသည့် မည်သူကို မဆို ဖိတ်ခေါ် လျက်ရှိပြီး အလင်းဝင်ရောက်လာသည့် မည်သည့်တပ်သားတိုင်းကိုမဆို IHL / IHRL စသော နိုင်ငံ တကာဥပဒေများ၊ လူ့အခွင့်အရေး ၊ စစ်သားဂုဏ်သိက္ခာ များကို အပြည့်အဝ ခံစားစေရပါမည်ဟု ကတိပြုပါကြောင်း ဖိတ်ခေါ်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article