25 C
Yangon

မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းမှ ကင်းပုန်းယူနေသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၁ ဦး သေဆုံး

Must read

မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းမှ ကင်းပုန်းယူနေသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၁ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းမှ ကင်းပုန်းယူနေသော အကြမ်ဖက် စစ်ကောင်စီ တပ်သား များကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၁ ဦးသေဆုံးခဲ့ကြောင်း ဗန္ဓုလနှင့်အဖွဲ့သားများ PDF ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၅၀ ခန့်တွင် မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်း အပြင်ဘက်၌ ကင်းပုန်း ယူနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

တိုက်ခိုက်မှုအတွင်း စခန်းအတွင်းမှ အသင့်ရှိနေသော အကြမ်းဖက် စစ်ကောင်စီတပ်သားများက လက်နက်ငယ်များ၊ ၄၀ မမ များဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့သော ကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၁၅ တပ်ခွဲ ၄ ဗန္ဓုလနှင့် အဖွဲ့သားများနှင့် မုံရွာခရိုင် တပ် ရင်း ၄ တပ်ခွဲ ၂ 5/Commando Force Monywa တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article