25 C
Yangon

ဖြူးမြို့နယ်၊ သပြေခင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက် လာသည့် စစ်တပ်နှင့်တော်လှန်ရေးရဲဘော်များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ စစ်ကောင်စီ တပ်သား ၃ ဦး လက်နက်ချ အညံ့ခံ

Must read

ဖြူးမြို့နယ်၊ သပြေခင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်တပ်နှင့် တော်လှန်ရေးရဲဘော်များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ စစ်ကောင်စီ တပ်သား ၃ ဦး လက်နက်ချ အညံ့ခံ

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ သပြေခင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး ရဲဘော်များ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကာ စစ်ကောင်စီ တပ်သား ၃ ဦး လက်နက်ချ အညံ့ ခံ ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း – ၃ အာဠာဝက စစ်ကြောင်းက ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်တွင် ဖြူးမြို့နယ်၊ စက်ကုန်းကျေးရွာမှ သပြေခင်ကျေးရွာကို စစ် ကြောင်းထိုး ဝင်ရောက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၂၅၀ ဝန်းကျင်ပါ စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် ရိုးမ ၁ အာဠာဝက စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ လက်နက်ချ အညံ့ခံရန် ကြိုးစားသော်လည်း နောက်တွင်ရှိနေသည့်အကြမ်း ဖက် စစ်တပ်မှ အရာရှိများက ပစ်ခတ်နေသောကြောင့် စစ်ကောင်စီ တပ်သား ၃ ဦးသာ ပြည်သူ့ကာကွယ်ရေး တပ်မတော် ရိုးမ ၁ အာဠာဝက စစ်ကြောင်းထံ လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆၀ ကျော် ထိခိုက်သေဆုံးမှုရှိပြီး ညနေ ၆ နာရီ မိနစ် ၃၀ ခန့်တွင် ယင်းစစ်ကြောင်းသည် စက်ကုန်းရွာ အတွင်း ပြန်လည် ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။

လက်ရှိချိန်တွင် လက်နက်ချ အညံ့ခံသော စစ်ကောင်စီ တပ်သားများကို ပြည်သူ့ကာကွယ်​ရေး တပ်မ​တော်၏ စစ်သုံ့ပန်း ဥပဒေနှင့် အညီ ထိန်းသိမ်း ထားပြီး ဆုတ်ခွာ ထွက်ပြေးသွားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး ရဲဘော်များက လိုက်လံ တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article