25 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့ နေ့လယ်ပိုင်း တင်ဆက်ပေးမယ့်သတင်းတွေကတော့

  • ရခိုင်ပြည်နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ အမှတ် ၃၁ ရဲတပ်ရင်းက လွဲပြီး မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းစခန်းတွေ အားလုံးကို သိမ်းပိုက်ရရှိသွား ပြီလို ညီနောင်မဟာမိတ် ၃ ဖွဲ့က ဖေဖော်ဝါရီ ၇ ရက်နေ့ဖြစ်တဲ့ မနေ့က ညပိုင်းမှာပဲ တရားဝင် ကြေညာလိုက်ပါတယ်။
  • ရခိုင်ပြည်နယ်၊ မောင်တောမြိုက စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်စခန်း ၂ ခုကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စခန်းကနေ ထွက်မပြးမီ လက်နက် တွေကို ARA နဲ့ RSO အဖွဲ့တွေဆီ ဘင်္ဂလားဒေ့ရှ်ငွေ ၁၀ သန်းနဲ့ ရောင်းစားခဲ့သေးတယ်လို့ AA က တရားဝင် ထုတ်ပြန်ထားပါတယ်။
  • ရန်ကုန်မြို့က လှိုင်သာယာမြို့နယ် နောက်ပိုင်းမှာရှိတဲ့ အကြမ်းဖက် စစ်တပ်၊ရဲ နဲ့ ပျူစောထီးတွေ အခြေချစုဝေးရာ ရခိုင်ရိုးလေးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ သတင်းအပါ အဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

    #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article