25 C
Yangon

စစ်မှုထမ်းဟောင်းများကို အငြိမ်းစားယူခဲ့သည့် မူလရာထူး၊ အဆင့်ဖြင့် စစ်မှုပြန်ထမ်းစေသည့် စနစ် စစ်ကောင်စီက ပြန်လည်စတင်

Must read

စစ်မှုထမ်းဟောင်းများကို အငြိမ်းစားယူခဲ့သည့် မူလရာထူး၊ အဆင့်ဖြင့် စစ်မှုပြန်ထမ်းစေသည့် စနစ် စစ်ကောင်စီက ပြန်လည်စတင်

■ စစ်တပ်တွင် သေဆုံးမှုများပြားနေသဖြင့် စစ်သားလိုအပ်ချက် အလွန်ကြီးမားနေမှုကို နည်းလမ်းမျိုးစုံဖြင့် ဖြည့်တင်းနေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဟောင်းများကို အငြိမ်းစားယူခဲ့သည့် မူလရာထူး၊ အဆင့်များဖြင့် စစ်တပ်တွင် အနည်းဆုံး ၁ နှစ် တာဝန်ပြန်လည် ထမ်းဆောင်စေသည့် စနစ်ကို ပြန်လည် စတင်နေပြီဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်းတွင် အရန်တပ်ဖွဲ့ဝင် (စစ်မှုထမ်းဟောင်း)များကို စစ်မှုထမ်းခွင့်ပြုသည့် ညွှန်ကြားချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း ၊ အဆိုပါ ညွှန်ကြားချက်အရ စစ်မှုထမ်းဟောင်း များအနေဖြင့် အရန်တပ်ဖွဲ့ဝင် အဖြစ် စာရင်းသွင်း လက်မှတ်ရေးထိုး ရမည်ဖြစ်ကြောင်း၊ အရန်တပ်ဖွဲ့ဝင်အဖြစ် စာရင်းသွင်းပြီးသူများကို စစ်ကောင်စီက ပြန်လည် စိစစ်ရွေးချယ်ကာ အငြိမ်းစားယူခဲ့သည့် ပြန်တမ်းဝင်အမှတ်၊ ကိုယ်ပိုင်အမှတ် အဆင့်ဖြင့် ပြန်လည် တာဝန်ထမ်းဆောင်ခွင့်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီက ပြန်လည် စိစစ်ရွေးချယ်လိုက်သော အရန်တပ်ဖွဲ့ဝင်(စစ်မှုထမ်းဟောင်း) သည် အနည်းဆုံး အချိန်ပြည့် ၁ နှစ် အမှုထမ်းရမည်ဖြစ်ကြောင်း၊ အဆောငအယောင်၊ လစာနှင့်စရိတ်အနေဖြင့် အငြိမ်းစားလစာအပြင် တာဝန်ထမ်းဆောင်သည့်အဆင့်နှင့်လစာများကို ထပ်မံခံစားခွင့်ပြုမည်ဖြစ်ကြောင်း၊ ပင်ပန်းစရိတ်၊ သက်စွန့်စရိတ်များကိုလည်း ခံစားခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရသည်။

စစ်မှုထမ်းဟောင်း အရန်တပ်ဖွဲ့ဝင် ၁ ဦးသည် ၁ နှစ် စစ်မှုထမ်းပြီးလျှင် တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေ ၅ သိန်းပေးအပ်မည်ဖြစ်ကြောင်း ၊ လက်ရှိတွင် စစ်ကောင်စီက ယင်းညွှန်ကြားချက်နှင့်အညီ စစ်မှုထမ်းဟောင်း ၂၀၀၀ ဝန်းကျင်ကို ပြန်လည်ခေါ်ယူထားပြီး စစ်သင်တန်းပေးကာ ရှေ့တန်းစေလွှတ်မည်ဖြစ်ကြောင်း သိရှိရသည်။

“စစ်မှုထမ်းဟောင်းဖြစ်မယ်။ အရန်တပ်ဖွဲ့ဝင်အဖြစ်လည်း စာရင်းသွင်းထားမယ်။ အသက်အရွယ်နဲ့ ကျန်းမာရေးကလည်း အခြေအနေပေးနေသေးတယ်။ ဆိုလိုတာက ရောဂါကြီးကြီးမားမားမရှိဘူး သန်တုန်းမြန်တုန်းဆိုရင်ပေါ့ တပ်မှာ ပြန်ခေါ်တယ်။ အဓိက လစာက အငြိမ်းစား လစာနဲ့ တာဝန်ထမ်းဆောင်တဲ့အဆင့်လစာ ၂ လစာရမယ်။ ၁ နှစ်ပြည့်ရင် ၅ သိန်းချီးမြှင့်မယ်။ မိသားစုမှာ နေစရာမရှိရင် လိုင်းခန်းနဲ့ သက်သာချောင်ချိရေးတွေ ထပ်လုပ်ပေးမယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။

CDM ဗိုလ်ကြီးဇင်ယော်ကလည်း စီပိုး၊ ဘီပိုးနှင့် ထုတ်ပယ်ထားသော စစ်မှုထမ်းဟောင်းများကို ပြန်ခေါ်နေကြောင်း၊ အငြိမ်းစား ဗိုလ်ကြီးအောင်ချစ်မင်းကို အမှတ် ၂၆ ခြေလျင်တပ်ရင်း(တောင်ငူ)သို့ တပ်ခွဲမှူး(ဗိုလ်ကြီး) အဖြစ်လည်းကောင်း၊ အငြိမ်းစားဗိုလ်ကြီးဘုန်းမြင့်အောင်ကို အမှတ် ၁၉ ခြေမြန်တပ်ရင်း(ဆွာ) သို့ တပ်ခွဲမှူး(ဗိုလ်ကြီး) အဖြစ် ပြန်လည် ခန့်ထားလိုက်ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် အမိန့်စာနှင့်တကွ သတင်းရေးသားဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article