28 C
Yangon

ဖားကန့်မြို့ အထွက် ၆ မိုင်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲနေ

Must read

ဖားကန့်မြို့ အထွက် ၆ မိုင်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့ အထွက် ၆ မိုင်တွင် KIA နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲနေကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဖားကန့်မြို့မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ်၏ တပ်မ ၃၃ စစ်ကြောင်းကို KIA က ၆ မိုင်အရောက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲ ပြင်းထန်နေကာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား သောကြောင့် ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲနေကြောင်း သိရသည်။

“ဒီနေ့ နံနက် ၇ နာရီမှာ ဖားကန့် အထွက် ၆ မိုင်မှာ တိုက်ပွဲပြင်းထန်နေတယ်။ စစ်ခွေးတွေ ထိခိုက်သေဆုံးတာများတယ်။ ဖားကန့်က ထွက်လာတဲ့ တပ်မ ၃၃ စစ်ကြောင်းကို ၆ မိုင်မှာ KIA က ဖြတ်တိုက်နေတာ စစ်ခွေးတွေကလည်း ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးလာကျဲနေတယ်” ဟု KIA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article