36 C
Yangon

ကိုးကန့်ဒေသတစ်ခုလုံး စစ်အာဏာရှင်စနစ်အောက်မှ အလုံးစုံလွတ်မြောက်သည့် အောင်ပွဲအခမ်းအနားသို့ TNLA ဥက္ကဌ ဒုဗိုလ်ချုပ် ကြီး တားအိုက်ဘုန်းနှင့် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ တက်ရောက်

Must read

ကိုးကန့်ဒေသတစ်ခုလုံး စစ်အာဏာရှင်စနစ်အောက်မှ အလုံးစုံလွတ်မြောက်သည့် အောင်ပွဲအခမ်းအနားသို့ TNLA ဥက္ကဌ ဒုဗိုလ်ချုပ် ကြီး တားအိုက်ဘုန်းနှင့် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ တက်ရောက်

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၁

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကိုးကန့်ဒေသတစ်ခုလုံး စစ်အာဏာရှင်စနစ်အောက်မှ အလုံးစုံလွတ်မြောက်သည့် အောင်ပွဲအခမ်းအနားသို့ TNLA ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းနှင့် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ တက်ရောက်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

မြန်မာအမျိုးသားအမှန်တရားနှင့် တရားမျှတမှုပါတီ/ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNTJP/MNDAA ၏ ဦးဆောင်တိုက်ပွဲဝင်မှုနှင့်အတူ ကိုးကန့်ဒေသတစ်ခုလုံး စစ်အာဏာရှင်စနစ်အောက် အလုံးစုံလွတ်မြောက်ရေးအောင်ပွဲ အထိမ်းအမှတ်အခမ်းအနားသို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းနှင့် ဒုဥက္ကဌ (၂) ဗိုလ်မှူးချုပ် တားခူလာင်းတို့တက်ရောက်ကြောင်း၊ ထို့ပြင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပါ တက်ရောက်ကြောင်း TNLA က ထုတ်ပြန်သော ဓာတ်ပုံများအရ သိရှိရသည်။

အဆိုပါ အခမ်းအနားကို ဖေဖော်ဝါရီလ ၉ ရက်နေ့က ပြုလုပ်ခဲ့ပြီး တရုတ်နှစ်သစ်ကူးပွဲတော်နှင့်အတူ ပူးတွဲကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုအခမ်းအနားတွင် PSLF/TNLA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက မိန့်ခွန်းတက်ရောက်ပြောကြားခဲ့ကြောင်း သိရှိရသည်။

“ကိုးကန့်တော်လှန်ရေးခေါင်းဆောင်တိုရဲ့ အိမ်ပြန်ခရီးနှင့်အတူ မိမိတို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေနဲ့လည်း မိမိတို တအာင်းလူမျိူးများ၏ နိုင်ငံရေးမျှော်မှန်းမှုရလဒ်ကို အပြည်အဝမဟုတ်သည့်တိုင် အများစုကိုတော့ တအာင်းမိဘပြည်သူရဲ့အိပ်မက်အား အကောင်အထည်ဖော်ပေးနိုင်ခဲပြီ”ဟု TNLA ဥက္ကဋ္ဌ က ပြောဆိုခဲ့သည်။

ထိုနောက် ကိုးကန့်ဒေသလွတ်မြောက်ရေးတိုက်ပွဲကာလတွင် PSLF/TNLA တပ်ဖွဲအနေဖြင့် ညီနောင်မဟာမိတ်နှင့် ဝန်းရံတိုက်ပွဲဝင်နိုင်ခြင်းသည် မဟာမိတ်သွေးစည်းညီညွတ်မှုကို သက်သေပြခြင်းဖြစ်ပြီး အမျိုးသားနိုင်ငံရေးပန်းတိုင် ခရီးရောက်ဖိုရန် မလျှော့သောဇွဲ၊ ပျက်ပျယ်ခြင်းမရှိသည့် ခံယူချက်၊ ယုံကြည်ချက်ဖြင့် မဟာမိတ်အကြား နားလည်မှုရှိရှိ ဆက်လက်တိုက်ပွဲဝင်သွားကြရန် ပြောကြားကြောင်း သိရှိရသည်။

အခမ်းအနားသို့ TNLA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ ဒုတိယ ဥက္ကဌ (၂) ဗိုလ်မှူးချုပ် တားခူလန်း၊ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဒုတိယဗိုလ်မှူးကြီး တားမိုးဟိန်းနှင့် အရာရှိအရာခံ (၃၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article