38 C
Yangon

စစ်ကောင်စီက စစ်မှုထမ်းရန် ဆင့်ခေါ်လျှင် လွတ်မြောက်နယ်မြေထွက်လာခြင်း အပါအဝင် နည်းလမ်းများနှင့် ဆန့်ကျင်တွန်းလှန်ကြရန် ဦးမင်းကိုနိုင် တိုက်တွန်း

Must read

စစ်ကောင်စီက စစ်မှုထမ်းရန် ဆင့်ခေါ်လျှင် လွတ်မြောက်နယ်မြေထွက်လာခြင်း အပါအဝင် နည်းလမ်းများနှင့် ဆန့်ကျင်တွန်းလှန်ကြရန် ဦးမင်းကိုနိုင် တိုက်တွန်း

■ သက်ဆိုင်ရာအဖွဲ့များ ဆွေးနွေးတိုင်ပင်နေပြီး ပြည်သူများအတွက် မကြာမီ ထုတ်ပြန်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်းရန် ဆင့်ခေါ်လျှင် လွတ်မြောက်နယ်မြေထွက်လာခြင်း အပါအဝင် နည်းလမ်းများနှင့် ဆန့် ကျင်တွန်းလှန်ကြရန် ဦးမင်းကိုနိုင်က တိုက်တွန်းလိုက်သည်။

“လက်ပူတိုက်သင်တန်းပေးပြီး တကယ်ကျ တိုက်မရမှန်းလည်းသူတို့သိလျက် အကြမ်းကြုတ်ဆုံးနည်းကိုအင်အားသုံးဇွတ်ကြေညာတာ ဂရုပြုကြပါ။ စစ်ကျွန်ဇာတ်သွင်း အဓမ္မဆင့်ခေါ်မှုတွေကို လွတ်မြောက်နယ်မြေထွက်လာတဲ့နည်းအပြင်အခြားနည်းလမ်းများနဲ့ဆန့်ကျင်တွန်းလှန်ကြဖို့ပါ” ဟု ဦးမင်းကိုနိုင်က ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတွင် လူမရှိတော့ကြောင်း ဝန်ခံနေရပြီး ရမ်းကားလာသဖြင့် စနစ်တကျ ပြည်သူက တုံ့ပြန်ရမည်ဖြစ်ကြောင်း၊ ဖက်ဆစ် စစ်တပ်က ပြည်သူကို ငွေညှစ်မည့် လုပ်စားခွင် ဖြစ်ကြောင်း ၊ ပြည်သူများအတွက် တိုက်ပွဲဝင်မည့် သူများလည်း အဆင်သင့် ပြင်ဆင်ကြရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာအဖွဲ့များက ဆွေးနွေးတိုင်ပင်နေပြီး မကြာမီ ထုတ်ပြန်ချက်များ ထုတ်ပြန်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“အင်အား ဘယ်နှသိန်းရှိတယ်ပြော ခြိမ်းခြောက်ပြီး အခု ကြည်း/ရေ/လေ အလုံးစုံရှုံးကြောင်းဝန်ခံရင်း ရမ်းတာမို့ စနစ်တကျတုန့်ပြန်ကြရမှာပါ။ ဖက်ဆစ်တပ် ဆင့်ခေါ်ရေး/ဆေးစစ်ရေးဘုတ်အဖွဲ့တွေက ပြည်သူကိုငွေညှစ် စားခွက်လု ခွင်လုကွက်တွေနဲ့ဖိနှိပ်မယ့်အရေးမှာ တိုက်ချင်းတိုက် ပြည်သူဘက်ကပဲတိုက်မယ်လို့ အသိပေးလာသူအပေါင်းလည်း အစစပြင်ဆင်ထားကြပါ။ ဆိုင်ရာအဖွဲ့အစည်းများ တိုင်ပင်နေပါတယ် ထုတ်ပြန်ကြေညာပါမယ်။ နိုင်ရာတာဝန်ယူကြတာပေါ့” ဟု ဦးမင်းကိုနိုင်က ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article