35 C
Yangon

ကျိုက်ထိုမြို့နယ်ရှိ စစ်တောင်းတံတားသစ်ဂိတ် နှင့် မုပ္ပလင်လမ်းဆုံရဲဂိတ် တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ကျိုက်ထိုမြို့နယ်ရှိ စစ်တောင်းတံတားသစ်ဂိတ် နှင့် မုပ္ပလင်လမ်းဆုံရဲဂိတ် တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်တောင်းတံတားသစ်ဂိတ် နှင့် မုပ္ပလင်လမ်းဆုံရဲဂိတ် တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အားစုထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်နှင့် နံနက် ၁၁ နာရီခန့်တွင် ကျိုက်ထိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်တောင်းတံတားသစ်ဂိတ် နှင့် မုပ္ပလင်လမ်းဆုံရဲဂိတ် တို့ကို တော်လှန်ရေး တပ်ဖွဲ့များကိ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေး တပ်ဖွဲ့များက စစ်တောင်းတံတားသစ်ဂိတ်ကို ၂ ကြိမ်၊ မုပ္ပလင်လမ်းဆုံ ရဲဂိတ်ကို ၁ ကြိမ်၊ စုစုပေါင်း ၃ ကြိမ် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲ ဖြစ်ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို KNU/KNLA IAF (Iron Adventure Force) ၊ ကဝ ပကဖ Drone Team ၊ အင်းတကော် ပကဖ Drone Team ı ရန်ကုန်မြောက်ပိုင်းခရိုင် ပကဖ Drone Team၊ ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) နှင့် ကျိုက်ထို ပကဖ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကျိုက်ထိုတော်လှန်ရေး အင်အားစုသည် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ပါကြောင်းနှင့် KRF အနေဖြင့် ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက် နစ်နာ ပျက်စီးဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်း အလျှင်းမရှိ ပါကြောင်းနှင့် KRF က ပစ်မှတ်ထား တိုက်ခိုက်ခြင်းများကို ပြည်သူများ ထံသို့ KRF page မှတဆင့် အတိအလင်း အသိပေးဖော်ပြ သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article