30 C
Yangon

မြိုင်မြို့နယ်၊ သမြေကျင်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

Must read

မြိုင်မြို့နယ်၊ သမြေကျင်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သမြေကျင်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး ခဲ့ကြောင်း M V P Revolution Force ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၈ ရက် နံနက် ၁၁ နာရီခန့်က မြိုင်မြို့ပေါ်မှ ဖောကား ၅ စီးဖြင့် ထွက်လာသော အ ကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် မွန်းလွဲ ၁ နာရီခန့်တွင် သမြေကျင်းရွာသို့ ရောက်ရှိပြီး ရိက္ခာများ တင်နေစဉ် ရှေ့ပြေးထွက်လာသော ကင်းပုန်းနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ဆုံပြီး အပြန် အလှန်ပစ်ခတ်မှုဖြစ်ခဲ့ရာ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

ထိုသို့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးသွားပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိသည်ကို မျက်မြင်တွေ့ရှိခဲ့ရကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး၊ စက်သေနတ်များဖြင့် တရစပ်ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို M.V.P Revolution Force ၊ မြိုင် ကိုဘာဂျာအဖွဲ့နှင့် နံ့သာမြိုင်အဖွဲ့တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်းသည် ဖေဖော်ဝါရီလ ၉ ညပိုင်းက ညောင်ပင်ရွာသို့ ရောက်ပြီး ပြည်သူပိုင်ပစ္စည်း၊ ရိက္ခာများကို ခိုးယူခဲ့ကြောင်း M.V.P Revolution Force က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article