32 C
Yangon

ဂန့်ဂေါမြို့နယ်၊ ဝင်ဝ(ပျူ)ရွာမှ ပျူစောထီးတစ်ဦး လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်

Must read

ဂန့်ဂေါမြို့နယ်၊ ဝင်ဝ(ပျူ)ရွာမှ ပျူစောထီးတစ်ဦး လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဝင်ဝ(ပျူ)ရွာမှ ပျူစောထီးတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင် ရောက်ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသ မကွေးတိုင်း ကွက်ကဲရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ဖေဖော်ဝါရီလ ၈ နေ့က ဂန့်ဂေါမြို့နယ်၊ ဝင်ဝ (ပျူရွာ) မှ အသက် ၂၁ နှစ်အရွယ် ပျူစောထီး ၁ ဦး သည် G3 သေနတ် ၁ လက်၊ G3 ကျည် ၁၈ တောင့် တို့နှင့်အတူ ဂန့်ဂေါ ခရိုင်တပ်ရင်းများထံသို့ ဆက်သွယ်ကာ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆုချီးမြှင့်မှုကတော့ ဝန်ကြီးဌာနက ထိုက်သင့်သလို စီစဉ်ပေးဖို့တော့ရှိပါတယ်၊ ပထမ ၃ ဦးရယ်၊ အခုတစ်ဦးရယ် ၄ ဦးပါ၊ တစ်ရွာစီပါ” ဟု အမှတ် ၁ စစ်ဒေသ မကွေးတိုင်း ကွက်ကဲရေးရုံးမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ဂန့်ဂေါခရိုင်အတွင်း၌ ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းနှင့် ယခု ၂၀၂၄ ခုနှစ်တွင် ပျူရွာများမှ ပျစောထီးများ သည် လက်နက်ဖြင့် အလင်းဝင်လာသူများ ဆက်တိုက်ရှိနေကြောင်း နယ်မြေခံတပ်ရင်းများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article