30 C
Yangon

ဖားကန့်မြို့ အထွက် ၆ မိုင် အနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၂၀ ကျော် ထိခိုက်သေဆုံးပြီး ၃ ဦး အရှင်မိ

Must read

ဖားကန့်မြို့ အထွက် ၆ မိုင် အနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၂၀ ကျော် ထိခိုက်သေဆုံးပြီး ၃ ဦး အရှင်မိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့ အထွက် ၆ မိုင် အနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၂၀ ကျော် ထိခိုက်သေဆုံးပြီး ၃ ဦး အရှင်မိထားကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဖားကန့်မြို့မှ နန့်တိမ် ဘက်ကို စစ်ကြောင်းထိုးရန် ထွက်လာသည့် အကြမ်းဖက် စစ်တပ်၏ တပ်မ ၃၃ စစ်ကြောင်းကို KIA က ၆ မိုင်အရောက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၂၀ ကျော် ထိခိုက်သေဆုံးပြီး ၃ ဦး အရှင်မိကာ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဖားကန့်မြို့ဘက်ကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

“ဒီနေ့ ဖားကန့် ဘက်ကနေနန့်တိမ် ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ခွေး စစ်ကြောင်း ၆-မိုင်နားမှာ KIA ကြားဖြတ် တိုက်ခိုက်လို့ ထိခိုက် သေဆုံးမှုများပြီး ညနေပိုင်းမှာ ဖာကန့်ဘက်ကို ပြန်ဆုတ်လာတယ်။ တိုက်ပွဲမှာတော့ စစ်ခွေးတွေဘ​က်က ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂၀ ကျော် ထိခိုက်သေဆုံးသွားတယ်။ လက်နက်တွေလည်း ရထားတာရှိတယ်။ စစ်ခွေး ၃ ကောင် အရှင် ဖမ်းမိထားတယ်” ဟု KIA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article