25 C
Yangon

ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အအုံ ၇ လုံးနှင့် ပြည်သူ့နေအိမ် ၅၀ နီးပါး ထိခိုက်ပျက်စီး၊ မြို့တွင်းတွင် စစ်သားအလောင်းများရှိနေ

Must read

ရန်ကုန် ဖေဖော်ဝါရီ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အအုံ ၇ လုံးနှင့် ပြည်သူ့နေအိမ် အလုံး ၅၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရကြောင်း PNLA က ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁၀ ရက် နံနက် ၈ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းပါများသည် ဆီ ဆိုင်မြို့အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်စီးခြင်းကြောင့် ဆီဆိုင်မြို့ဘုရားဖြူ အထက် တန်း ကျောင်းအရှေ့ဘက်၊ အောင်ချမ်းသာရပ်ကွက်အတွင်းရှိ ရွှေသံလွင်ဆိုင်ကို ထိမှန်ခဲ့ရာ မီးလောင်ခဲ့ပြီး အဆိုပါမီးလောင်မှုကို မြို့နေပြည်သူလူထုမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့သော်လည်း ဆုံးရှုံးမှု အများအပြား ရှိခဲ့ ကြောင်း သိရသည်။

မီးလောင်ခဲ့သည့် ရွှေသံလွင်ဆိုင်သည် လူနေထိုင်မှုမရှိသဖြင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း ပြည်သူများ၏ စည်းစိမ်ဥစ္စာများ ပျက်စီးခဲ့ရကြောင်း၊ထို့အပြင် ဆီဆိုင်မြိုအနောက်ဘက် တနေရာကို အကြမ်းဖက်စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ကောင်စီနှင့် အပေါင်းအပါပြည်သူ့စစ်များက ပအိုဝ်းဒေသကို လေယာဉ်များဖြင့် ဗုံးကျဲ တိုက် ခိုက်ခြင်း ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ဘာသာရေးအဆောက်အဦး ၇ ခုထက်မ နည်းထိခိုက်ပျက်စီးခဲ့ရပြီး မိဘပြည်သူများ၏ နေအိမ်၅၀ နီးပါးလည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီနှင့်အပေါင်းအပါ ပြည်သူ့စစ်များသည် နေ့စဉ်နေ့တိုင်း ဆီဆိုင်မြို့ကို လက်နက်ကြီး များ ဖြင့် ပစ်ခတ်ဖျက်စီးပြီး မြို့ထဲသို့ ဝင်ရောက်ဖျက်စီးရန် ကြိုးစားမှုကြောင့် နေ့စဉ်နီးပါး တိုက်ပွဲပြင်း ထန်နေလျက်ရှိကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article