25 C
Yangon

ဘုတ်ပြင်းမြို့နယ်၊ ကော့ရဲကြီးကျေးရွာသား ၂ ဦးကို စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်က ပစ်သတ်မှု ပြည်သူ ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ကော့ရဲကြီးကျေးရွာသား ၂ ဦးကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်က ပစ်သတ်ရာ ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဘုတ်ပြင်းမြို့နယ်၊ ကော့ရဲကြီး ကျေးရွာတွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ဝင် ၁ ဦးက ကျေးရွာနေ ပြည်သူ ၂ ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ကိုဖိုးနိုင်ငယ် ပွဲချင်းပြီး သေဆုံးပြီး ၁ ဦးမှာ ဆေးရုံ၌ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

“ဘုတ်ပြင်းမြို့နယ် ကော့ရဲကြီးကျေးရွာမှာ မနေ့က နံနက် ၇ နာရီ ဝန်းကျင်လောက်မှာ ပြည်သူ့စစ် ၁ ဦးက အကြောင်းမဲ့ ပြည်သူ ၂ ဦးကို သေနတ်နဲ့ ပစ်လို့ ၁ ဦးကသေသွားတယ်။ ၁ ဦးက ဆေးရုံ ရောက်နေတယ်” ဟုဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

ကော့ရဲကြီးကျေးရွာမှ ပြည်သူ ၂ ဦးကို ပြည်သူ့စစ်ခေါင်းဆောင် ကျော်ခေတ်၏ သားဖြစ်သူ ကျော်ကိုဖြိုးက ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့စစ် အဖွဲ့ဝင်များက ကျေးရွာအတွင်း လက်နက်များ ကိုင်ဆောင်ပြီး လှည့်လည်နေသောကြောင့် ပြည်သူများလည်း ကြောက်လန့်နေကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article