26 C
Yangon

မန္တလေးတွင် စစ်တပ်၏ အဖမ်းအဆီးနှင့်ပေါ်တာဆွဲမှု များကြောင့် အသွားအလာများ ရပ်ဆိုင်းသွားပြီး လူအသွားအလာမရှိတော့ဘဲ ဆိုင်တချို့ စောစောစီးစီးပိတ်၊ မန္တလေးကျောက်၀ိုင်းလည်း မွန်းမတည့်မီ လူမရှိတော့

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

မန္တလေးတိုင်း၊ မန္တလေးမြို့တွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှု များကြောင့် ယနေ့ အသွားအလာများ ရပ်ဆိုင်းသွား လူအသွားအလာ မရှိတော့ဘဲ ဆိုင်တချို့ စောစောစီးစီး ပိတ်သိမ်းသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြေညာပြီးနောက် အဖမ်းအဆီးနှင့်ပေါ်တာဆွဲမှုများကို စစ်တပ်က ပေါ်ပေါ်တင်တင်လုပ်ဆောင်လာကြောင်း၊ ထို့ကြောင့် မွန်းတည့်ချိန်တွင်ပင် မန္တလေးမြို့ လမ်းများပေါ်တွင် လူအသွားအလာ အလွန်ကျဲသွားကြောင်း သိရှိရသည်။

“အရင်ဆို နေ့လယ် ပျားပန်းခတ် သွားလာနေကြတာ။ အခုတော့ အသွားအလာတော်တော်ကိုကျဲသွားတယ်။ မန္တလေးမှာလည်း အဖမ်းအဆီးနဲ့ပေါ်တာဆွဲတာတွေ စစ်တပ်က လုပ်တာတွေရှိတယ်။ ပုံမှန် မွန်းတည့် ၁ နာရီအထိ လူစည်နေတဲ့ မန္တလေးကျောက်ဝိုင်းထဲမှာတောင် မနက် ၁၁ လောက်ကတည်းက လူမရှိတော့ဘူး။ ပြန်ကုန်ကြတာ။ လမ်းတွေပေါ်မှာလည်း လူကို မရှိတော့ဘူး။

လုပ်ကိုင်စားသောက်ရတာ ခက်ခဲပါတယ်ဆိုမှ အခုလို ဟိုဆွဲဒီဆွဲစစ်တပ်က လုပ်နေတော့ သွားရလာရတာ နောက်ကျောမလုံလို့ လူတွေက မထွက်ကြတော့ဘူး” ဟု မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြေညာပြီးနောက် ဧည့်စာရင်းစစ်၍ လူငယ်များကို ဖမ်းဆီးမှု၊ စစ်ကိုင်းတိုင်းတွင် လူငယ်များကို အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်မှု၊ နေ့လယ်အချိန်များတွင် ဧည့်စာရင်းစစ်၍ ဖမ်းဆီးမှု အပါအဝင် အဖမ်းအဆီးများကို ပေါ်ပေါ်တင်လုပ်ဆောင်လာသဖြင့် ပြည်သူများ စိုးရိမ်ထိတ်လန့်နေရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article