25 C
Yangon

မင်းကင်းမြို့နယ်၊ ကူလဲရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကူလဲရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေး အဖွဲ့များက ရန်ကုန်ခေတ်သစ် မီဒီယာ သို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၆ နာရီခန့်မှ စတင်ကာ မင်းကင်းမြို့နယ်၊ ကူလဲ‌ရွာရှိ ပျူစောထီး စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ည ၉ နာရီခန့်တွင် စခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

“ပထမရက်က ကူလဲအရှေ့ရွာကို သိမ်းတယ်။ နောက်ရက်ကြတော့ ကူလဲ အနောက်ရွာကို သိမ်းတယ်။ ကူလဲအရှေ့ရွာနဲ့ အနောက်ရွာ ၂ ရွာ ပေါင်း အိမ်ခြေ ၄၀၀ နီးပါးခန့်တော့ရှိမယ်။ ကျွန်တော်တို့ စခန်းသိမ်း တိုက်ပွဲစတော့ အရပ်သား တွေက အကုန်နီးစပ်ရာ ကျေးရွာတွေဆီ ထွက်ပြေးကြတယ်။ စခန်းသိမ်းပြီးတော့ ပျူတွေဘက်က မင်းကင်းမြို့ဘက်ကို ထွက်ပြေးသွားတယ်။ အခု ကျွန်တော်တို့ဘက်က စခန်းသိမ်းထားနိုင်တယ်။ တိုက်ပွဲအတွင်း ပျူစောထီ အကျအဆုံးတွေလည်းရှိတယ်။ ကိုယ်ဘက်ကတော့ ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်” ဟု မင်းကင်းကာကွယ် ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

အဆိုပါ ပျူစောထီး စခန်းကို သိမ်းပိုက်ပြီးနောက် ပျူစောထီးများထံမှ ရရှိသော စစ်လက်နက်များကို ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ထုတ်ဖော် ပြောဆိုချင်း မပြုဘဲ ယင်းတိုက်ခိုက်မှုကို မင်းကင်းမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့များနှင့် မဟာမိတ်ပူးပေါင်း တပ်ဖွဲ့ ၅ ဖွဲ့က အထူးစစ်ဆင်ရေး ပြုလုပ်ပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article