35 C
Yangon

ရသေ့တောင်နှင့်မောင်တောတွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးသေဆုံး ၊ စစ်တပ်၏ ဗောဓိကုန်းစခန်းကို AA က သိမ်းပိုက်ရရှိ

Must read

ရသေ့တောင်နှင့်မောင်တောတွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးသေဆုံး ၊ စစ်တပ်၏ ဗောဓိကုန်းစခန်းကို AA က သိမ်းပိုက်ရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ရခိုင်ပြည်နယ်၊ ရသေ့တောင်နှင့်မောင်တောမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးသေဆုံးကာ စစ်တပ်၏ ဗောဓိကုန်းစခန်းကို သိမ်းပိုက်ရရှိကြောင်း AA က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်မှစတင်၍ ရက္ခိုင့်တပ်တော်က စစ်ကောင်စီ၏ မောင်တောဒေသရှိ ဗောဓိကုန်း စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ချိန် ၂၄ နာရီကျော်အကြာ ဖေဖော်ဝါရီလ ၁၆ ရက်၊ နံနက် ၆ နာရီခန့်အချိန် အဆိုပါစခန်းကို အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း၊ စစ်သားအလောင်း ၁၄ လောင်းအပါအဝင် လက်နက်ခဲယမ်း အချိုကို သိမ်းဆည်းရမိခဲ့ကြောင်း၊ အချိန်တိုတိုအတွင်း အထိအခိုက်အနည်းဆုံး နှင့် စခန်းသိမ်းနိုင်ခဲ့သော တိုက်ပွဲဖြစ် ကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၁၆ ရက်နေ့၊ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန် မောင်တောမြို့၊ ပန်းတောပြင်ရွာသစ် (မွတ်စလင်ရွာ) အနီးတွင်လည်း စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် ခလရ ၂၆၃ တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်တို့ မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးသည့်အပြင် ဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲအတွင်းတွင်လည်း စစ်တပ်၏လက် နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၆ ရက်၊ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန် ရသေ့တောင်မြို့ နယ်၊ ခနောင်းကြီးရွာအနီး တောင်ကြောတွင်လည်း စစ်ကောင်စီ တပ်၏ ခမရ ၅၃၆ တပ်ရင်း နှင့် ရက္ခိုင့်တပ်တော်တို့အကြား နှစ်ဖက်ရင်ဆိုင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကနဦးသတင်းအရ စစ်တပ်ဘက်မှ မျက်မြင် သေဆုံးသူ ၄ ဦး ရှိကြောင်း၊ ဒဏ်ရာရသူ ၁၀ ဦးခန့်အထိရှိခဲ့ကြောင်း သိရှိရသည်။

ရသေ့တောင်တိုက်ပွဲတွင် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုမှာ နာရီဝက်ခန့်ဖြစ် ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ နောက်ဆုတ်သွားကာ နှစ်ဖက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဝေးမှ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုမျိုးဖြင့် သာဆက် လက်ရှိနေခဲ့ကြောင်း၊ စစ်ကောင်စီ၏ ရသေ့တောင်အခြေစိုက် ခမရ ၅၃၆၊ ခမရ ၅၃၇ ၊ ခမရ ၅၃၈ တပ်ရင်းသုံးရင်းစလုံးက လက်နက်ကြီးပစ်ကူများအပြင် ရေကြောင်း၊ လေကြောင်းမှလည်း လက်နက်ကြီး ပစ်ကူများဖြင့် ပစ်ကူတိုက် ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မင်းပြားရှိ စစ်ကောင်စီတပ်ရင်းများမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article