32 C
Yangon

ရေတာရှည်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ၈၁ မမ ဗုံးသီးများ ကျဲချပြီး စက်လက်ဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရေတာရှည်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ၈၁ မမ ဗုံးသီးများ ကျဲချပြီး စက်လက်ဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ်ဖြင့် ၈၁ မမ ဗုံးသီးများ ကျဲချပြီး စက်လက်ဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရေတာရှည်မြို့နယ် တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄ ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ရေတာရှည်မြို့နယ်၊ မြစ်အရှေ့ဘက်ကမ်းရှိ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ပိတောက်ကုန်းကျေးရွာ၊ စည်ပိုင်းကျေးရွာ၊ မိချောင်းအိုင်ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ်ဖြင့် ၈၁ မမ ဗုံးသီး ၁၂ လုံးခန့် ကျဲချပြီး ပွိုင့် ၅ စက်လက်ကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူများ နေထိုင်ရာ ကျေးရွာ ၃ ရွာကို ပစ်ခတ်ခဲ့သောကြောင့် အသက် ၁၀ နှစ် အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၈ နှစ် အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး လက်နက် ကြီးကျည် ထိမှန်ကာ သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ ၅ ဦးပြီး ၁ ဦးမှာ ဒဏ်ရာ အလွန်ပြင်းထန်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article