27 C
Yangon

မိုင်းပွန်တွင် SSPP ဦးဆောင်သော မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်နေပြီး ပြည်သူများ စစ်ဘေးရှောင်နေရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပွန်မြို့တွင် ရှမ်းပြည်တိုး တက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ဦးဆောင်သော မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ် ပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်နေခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မိုင်းပွန်မြို့အနီး လွိုင်လင်ဘက်အထွက် ကျေးရွာများတွင် တိုက်ပွဲများဖြစ်ပွားခြင်းဖြစ်ကြောင်း၊ အဓိက အားဖြင့် SSPP တပ်များနှင့် စစ်တပ် လက်အောက်ခံ PNO ပြည်သူ့စစ်များအကြား တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“PNO နဲ့ SSPP နဲ့ဖြစ်ကြတာ။ ဒါပေမယ့် PNO ဘက်က စစ်ကောင်စီတပ်တွေပါသလို SSPP ဘက်ကလည်း မဟာ မိတ် တပ်တွေပါတယ်။ လတ်တလော မိုင်းပွန်တံတားနဲ့ လွိုင်လင်ဘက်အထွက်ကို ပိတ်ထားတယ်။ ဆိုတာ့ မိုင်းပွန်ကို ပိတ်ထားတဲ့သဘောပဲ။ မိုင်းပွန်မြို့အနီးအနားက ရွာတွေအကုန်လုံးတော့ စစ်ရှောင်နေရတယ်။ တိုက်ပွဲဧရိယာက ဟိုပုံး၊ ကျောက်တန်း ပင်လုံ ဘက်အထိ တိုက်ပွဲတွေပြန့်လာနိုင်တယ်။ တကယ်တမ်း စစ်ပြင်ထားတာက ဟိုပုံးကျောက်တန်းပင်လုံဘက်မှာ။ ထဖြစ်တာက မိုင်းပွန်ဘက်မှာ” ဟု တော်လှန်ရေးမဟာမိတ် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက မိုင်းပွန်တွင်ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်ပြီး မေးမြန်းရန် SSPP ၏ ပြောရေးဆိုခွင့်ရှိသူများထံသို့ ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိသေးပေ။

စစ်ကောင်စီတပ်က ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ဘက်တွင် ပအိုဝ်း တပ်သား သစ်များ အကြီးအကျယ်စုဆောင်းကာ PNO ပြည်သူ့စစ်များ၏ အကူအညီဖြင့် လက်နက်တပ်ဆင်ခြင်း၊ စစ်သင်တန်းပေးခြင်းများ လုပ်ဆောင်လာကြောင်း၊ တောင်ကြီးမြို့အထိ တိုက်ပွဲများ မရောက်ရှိလာစေရေးအတွက် စစ်တပ်က ခုခံစစ်အတွက် ကြိုတင် ပြင်ဆင်နေသည့် အခြေအနေများ မြင်တွေ့ရကြောင်း PNLA စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

ဓာတ်ပုံ – SSPP တပ်တချို့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

SSPP တပ်တချို့။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article