25 C
Yangon

ရန်ကုန်မှ ရခိုင်သွားမည့် ခရီးသည်တင်ကား ၃ စီးမှ ခရီးသည်အမျိုးသားအများအပြားကို စစ်တပ်က ဖမ်းဆီးပြီး ၅ ရက်ကြာအထိ ပြန်မလွှတ်ပေးသေး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ရန်ကုန်မှ ရခိုင်သွားမည့် ခရီးသည်တင်ကား ၃ စီးမှ ခရီးသည်အမျိုးသားအများအပြားကို စစ်တပ်က ဖမ်းဆီးပြီး ၅ ရက်ကြာအထိ ပြန်မလွှတ်ပေးသေးကြောင်း ဖမ်းဆီးခံရသူများ၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကြသည်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့ ၊ နံနက် ၉ နာရီအချိန် ရန်ကုန်၊ အောင်မင်္ဂလာအဝေးပြေးကွင်းမှ ရခိုင်ဘက်သို့ ဦးတည် ထွက်ခွာလာသော အောင်စစ်ခိုင် ခရီးသည်တင်ကား ၂ စီး အပါအဝင် ရခိုင်သို့ ပြေးဆွဲနေသော ခရီးသည်တင်ကား ၃ စီးကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ခရီးသည်တင်ကား ၃ စီးကို တပ်ထဲသို့ မောင်းခိုင်းပြီး ခရီးသည်တင်ကားပေါ်မှ အမျိုးသားများကို ဖမ်းဆီးပြီး သံဃာတော်များ အပါအဝင် ကျန်ခရီးသည်များကို ပြန်လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။

” ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက် ၉ နာရီမှာ အောင်မဂ်လာအဝေးပြေးဂိတ်ကနေ ရခိုင်ကိုသွားမယ့် အောင်စစ်ခိုင် ခရီးသည်တင်ကား ၂ စီးနဲ့ အခြားခရီးသည်တင်ကား ၁ စီး စုစုပေါင်း ကား ၃ စီးကို ရွှေပြည်သာတပ်ထဲကို စစ်တပ်ကို ခေါ်သွင်းသွားတယ်။ ပြီးတော့ ကားပေါ်ပါတဲ့ ရခိုင်မှတ်ပုံ တင်၊ ခရီးသည်အမျိုးသားတွေ အကုန်လုံး ဆင်းခိုင်းတယ်။ သံဃာနဲ့ အခြား အမျိုးသမီးတွေ ပြန်လွှတ်ပေးလိုက်တယ်” ဟု ဖမ်းဆီးခံထားရသည့် ခရီးသည် အမျိုးသားတစ်ဦး၏ ညီမဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးခံရသူ အမျိုးသားတချို့၏ မိသားစုဝင်များက အောင်စစ်ခိုင် ကားဂိတ်သို့ သွားရောက်စုံစမ်းရာ စစ်တပ်က စစ်ဆေးစရာရှိသည်ဟု ဖမ်းဆီးထားသည်ဟု သိရှိရသည်ပြန်လည် ပြောဆိုကြောင်း၊ ရွှေပြည်သာစစ်တပ်ထဲသို့ လိုက်သွားသောအခါ တစ်စုံတစ်ရာ တုံ့ပြန် ပြောဆိုခြင်းမရှိကြောင်း သိရှိရသည်။

“ကျမတို့စုံစမ်းတော့ ခရီးသည်တင် ကား ၃ စီးပေါ်က အမျိုးသားတွေ ရခိုင်မှတ်ပုံတင်တွေ အဖမ်းခံရတယ်။ စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်ထားတာ။ ကျမအကိုလည်း အခု ၅ ရက်ရှိပြီ ပြန်မလွတ်ဘူး။ တပ်ဘက်ကိုမေးတော့ သတင်းရလို့ရှာတာ အပြစ်မရှိရင်လွှတ်မယ်ပြောပါတယ်။ ကားဂိတ်ကလည်းငြိမ်နေတော့အစပျောက်သွားမှာဆိုးပါတယ်။ အဲဒီကားပေါ်မှာပါတဲ့ ဘုန်းကြီးကိုတော့ သူတို့ ပြန်လွှတ်ပေးလိုက်တယ်” ဟု ဖမ်းဆီးခံထားရသည့် အမျိုးသားတစ်ဦး၏ ညီမဖြစ်သူက ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက စစ်တပ်သတင်းရင်းမြစ်တချို့ကို ဆက်သွယ်မေးမြန်းရာ ရခိုင်သို့ ပြန်ကြမည့် သူများကို စစ်တပ်က ဖမ်းဆီး စစ်ဆေးမှုများ လုပ်ဆောင်ရန် ညွှန်ကြားမှုများ ရှိနေသည်မှာ မှန်ကန်ကြောင်း၊ ရခိုင်သို့ ပြန်၍ AA နှင့်ပူးပေါင်းကာ စစ်တပ်ကို ပြန်လည် တိုက်ခိုက်မည်ကို စိုးရိမ်၍ ဖြစ်ကြောင်း ၊ ထို့ပြင် AA က ဖိတ်ခေါ်ထားမှုကြောင့် ရခိုင်တိုင်းရင်းသား လူငယ်များ ရခိုင်သို့ ပြန်၍ စစ်တပ်ကို တိုက်ခိုက်မှုများတွင်ပူးပေါင်း ပါဝင်မည်ကို တားဆီးရန်ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article