25 C
Yangon

ရမ်းဗြဲတွင် စစ်တပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်မှုကြောင့် တောင်ကုတ်တက္ကသိုလ်ကျောင်းသား မောင်ဖြိုးစံအောင် ကျည်ထိမှန် သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင် စစ်တပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်မှုကြောင့် တောင်ကုတ်တက္ကသိုလ်ကျောင်းသား မောင်ဖြိုးစံအောင် ကျည်ထိမှန် သေဆုံးကြောင်း ရမ်းဗြဲမှ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ရခိုင်ပြည်ရမ်းဗြဲမြို့နယ်ကျက်သရေရွာကို စစ်တပ် ရဟတ်ယာဉ်က ပစ်ခတ်လိုက်သော ကျည်များက တောင်ကုတ်တက္ကသိုလ်ကျောင်းသား အသက် ၂၃ နှစ်အရွယ် မောင်ဖြိုးစံအောင်ကို ထိမှန်ကြောင်း၊ မောင်ဖြိုးစံအောင်မှာ ပွဲချင်းပြီး သေဆုံးသွားပြီး ဖခင်ဖြစ်သူ ဦးဝင်းနုအောင်နှင့် ဦးဆန်းဌေးဆိုသူတို့မှာ ဒဏ်ရာပြင်းထန်ကြောင်း သိရှိရသည်။

“ရဟတ်ယာဉ်နဲ့ပစ်ခတ်လို့ ဒေါ်ယောင်းစိန်မ အိမ်မီးလောင်ပျက်စီးတယ်။ ကိုကျော်ကျော်လွင်အိမ်မီးလောင်ပျက်စီးတယ်။ ဦးဝင်းနုအောင်နဲ့ ကိုဆန်းဌေး ဒဏ်ရာအပြင်းအထန်ရတယ်။ ဦးဝင်းနုအောင်၏သား တက္ကသိုလ်ကျောင်းသ ား မောင်ဖြိုးစံအောင် သေဆုံးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

လက်ရှိတွင် စစ်ကောင်စီက ရမ်းဗြဲမြို့ကို ရေကြောင်း၊ လေကြောင်းဖြင့် တိုက်ခိုက် ဗုံးကျဲမှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ဆက်တိုက် လုပ်ဆောင်နေပြီး အရပ်သား ပြည်သူများ ထိခိုက်သေဆုံးခြင်း၊ ပြည်သူ့နေအိမ်များ မီးလောင်ပျက်စီးခြင်းများ ဆက်တိုက် ကြုံတွေ့နေရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article