26 C
Yangon

နိုင်ငံကူးလက်မှတ် လျှောက်ထားသူများ လ၀ကတွင် ကွန်ပျူတာဖြင့် စာရင်းသွင်း မှတ်ပုံတင်ထားသည့် UID နံပါတ် တင်ပြရန် စစ်ကောင်စီက ညွှန်ကြား

Must read

နိုင်ငံကူးလက်မှတ် လျှောက်ထားသူများ လ၀ကတွင် ကွန်ပျူတာဖြင့် စာရင်းသွင်း မှတ်ပုံတင်ထားသည့် UID နံပါတ် တင်ပြရန် စစ်ကောင်စီက ညွှန်ကြား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်ရန်အတွက် နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် လျှောက်ထားသူများအနေဖြင့် လ၀ကတွင် ကွန်ပျူတာဖြင့် စာရင်းသွင်း မှတ်ပုံတင်ထားသည့် UID နံပါတ် တင်ပြရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် စစ်ကောင်စီ၏ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ထိုသို့ ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံကူးလက်မှတ် လျှောက်ထားရန် Online မှ Booking ရရှိပြီးသူများ နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားပါက လဝကက စိစစ်ထားသော UID (Unique Identification Number) နံပါတ် များ တစ်ပါတည်း ယူဆောင်လာရမည်ဖြစ်ကြောင်း သိရှိရသည်။

“အခုရပ်ကွက်တွေမှာ Smart Cardအတွက် အိမ်ထောင်စုစာရင်း၊ မှတ်ပုံတွေအားလုံး ဒီနေ့ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းသွင်းခိုင်းနေတယ်။ Smart Card အတွက် စာရင်းသွင်းမှ UID နံပါတ်ရတာ။ အခု ပတ်စ်ပို့ရုံးမှာ Smart Card -UID ပါမှ လက်ခံမယ်ဆိုတာလုပ်တာက ဒါကို မဖြစ်ဖြစ်အောင် လုပ်တာလို့ ထင်ပါတယ်” ဟု တာမွေမြို့နယ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီကရိုးရိုး သာမန်နိုင်ငံသားမှတ်ပုံတင်များနေရာတွင် Smart Card-UID များ အသုံးပြုရန် စီစဉ်လာခြင်းမှာ Smart Card ကို ကွန်ပျူတာတွင် ရိုက်ထည့်လိုက်ရုံဖြင့် ပြည်သူတစ်ဦးချင်းစီ၏ နောက်ကြောင်းရာဇဝင် အပါအဝင် ကိုယ်ရေး အချက်အလက်အားလုံး ချက်ချင်းသိရှိနိုင်သော အားသာချက်များရှိနေခြင်းကြောင့်ဖြစ်ကြောင်း၊ နည်းပညာသုံး၍ ပြည်သူများကို ပိုမို တင်းကျပ်စွာ ထိန်းချုပ်ရန်ဖြစ်ကြောင်း ကွန်ပျူတာနည်းပညာကျွမ်းကျင်သူတချို့က သုံးသပ်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article