25 C
Yangon

စစ်ကောင်စီ၏ အမိန့်အတိုင်း လူငယ်များကို စစ်တပ်ထဲသွင်းရန် စီစဉ်ပူးပေါင်းနေသူများကို အကြမ်းဖက်ဥပဒေဖြင့် အရေးယူမည်ဖြစ်ပြီး ဓာတ်ပုံနှင့်တကွ တိုင်ကြားနိုင်ဟု NUG က အသိပေး

Must read

စစ်ကောင်စီ၏ အမိန့်အတိုင်း လူငယ်များကို စစ်တပ်ထဲသွင်းရန် စီစဉ်ပူးပေါင်းနေသူများကို အကြမ်းဖက်ဥပဒေဖြင့် အရေးယူမည်ဖြစ်ပြီး ဓာတ်ပုံနှင့်တကွ တိုင်ကြားနိုင်ဟု NUG က အသိပေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်သည့် စစ်မှုထမ်းအမိန့်ကို အကောင်အထည်ဖော် လိုက်ပါဆောင်ရွက်သူများကို အ ကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း NUG အစိုးရ၊ ပြည်ထောင် စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့မှ ပြည်သူများကို ပေါ်တာဆွဲခြင်း အတင်း အဓမ္မဖမ်းဆီးခြင်း စစ်မှုထမ်းရန်ဆင့်ခေါ်ခြင်း သင်တန်းလုပ်ငန်းများတွင် ပူးပေါင်းဆောင် ရွက်ခြင်းသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ အကြမ်းဖက်မှုများကို ကျူးလွန်ရာရောက် သဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန်နှင့် တားမြစ်မိန့်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အ ကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ တားဆီးနှိမ်နှင်းအပြစ်ပေးအရေးယူခြင်းများ ဆောင်ရွက် မည်ဖြစ်ကြောင်း NUG အစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ကြေညာထားသည်။

“အဓိကတော့ ဒါကို အကောင်အထည်ဖော်ဖို့ကတော့ ပြည်သူနဲ့ပူးပေါင်းပြီး အကောင်အထည် ဖော် သွားမှာပါ၊ ကျနော်တို့ရဲ့ စိုးမိုးနယ်မြေမှာဆိုရင်တော့ တိုက်ရိုက်ချက်ချင်းအရေးယူဆောင်ရွက်တာ‌ တွေလုပ်သွားမှာဖြစ်တယ်၊ အဲလိုမဟုတ်ဘဲနဲ့ စစ်အုပ်စုက စိုးမိုးထားတဲ့နယ်မြေတွေမှာဆိုရင်လည်း ပြည်သူလူထုအနေနဲ့က ဒီကိစ္စမှာ ပူးပေါင်းပါဝင်နေတဲ့သူတွေရဲ့ အချက်အလက်တွေ၊ နောက်ပြီးတော့ ဓာတ်ပုံမှတ်တမ်းစသည်ဖြင့် ဒါတွေကို စုဆောင်းပြီးတော့ တိုင်ကြားလို့ရပါတယ်၊ ဒီလိုတိုင်ကြားခြင်း အားဖြင့် ဒီပုဂ္ဂိုလ်တွေကို ရှာဖွေဖမ်းဆီးနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်၊ လက်ရှိအခြေအနေက လည်း စစ်ရေးအရ ဖိအားပေးနေတဲ့ အခြေအနေဖြစ်တဲ့အတွက်ကြောင့်မို့လို့ အကြမ်းဖက်စစ်အုပ်စု စိုးမိုးနယ်မြေတွေဟာ တစ်ချိန်ချိန်မှာ‌ တော်လှန်ရေးအင်အားစုတွေ စိုးမိုးသွားတဲ့ နယ်မြေအဖြစ် ပြောင်းလဲသွားနိုင်မယ့်အနေအထားတွေ အများကြီးရှိပါတယ်၊ အဲဒီအတွက်ကြောင့်မို့လို့ ပြည်သူလူက အကြမ်းဖက်စစ်အုပ်စုရဲ့ အဓမ္မစစ်သားစုဆောင်းမှု ကိစ္စမှာ ပူးပေါင်းပါဝင်တဲ့သူတွေကို မှတ်တမ်း တင်ထားပြီးတော့ ဒီလူတွေရဲ့အချက်အလက်နဲ့တကွ တိုင်ကြားလို့ရပါတယ်၊ ဒီလိုတိုင်ကြားခြင်းအား ဖြင့် ဒီလူတွေရဲ့မှတ်တမ်းရရှိနေမှာဖြစ်တယ်၊ လက်ရှိအခြေအနေအရ အခွင့်အရေးပေးတာနဲ့ ဒီလူတွေ ကို ဖမ်းဆီးပြီး တရားစီရင်ဖို့ ကြိုးစားသွားမှာဖြစ်သလို အကယ်၍ဒီကာလမှာ မဖမ်းနိုင်ခဲ့ရင် တချိန် ချိန် ကျရင် ပြည်တွင်းဥပဒေနဲ့သာမက နိုင်ငံတကာမှာပါ တရားစွဲဆိုနိုင်အောင်ကြိုးစားသွားမှာ ဖြစ် ပါတယ်” ဟု NUG အစိုးရ၊ ပြည်ထောင် စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

လက်ရှိတိုင်ကြားနိုင်သည့်နေရာများမှာ NUG အစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဌာန ၏ Website ၊ လူ့အခွင့်အရေးဝန်ကြီးဌာန ဝက်ဆိုဒ်စာမျက်နှာ၊ Page နှင့် ပြည်သူ့ရဲတပ်ဖွဲ့ Page စာမျက်နှာ တို့မှ တဆင့် တိုင်ကြားနိုင်ကြောင်း ၎င်းက အသိပေးပြောကြားသည်။

အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတစ်ဝှမ်း စစ်ရေးရှုံးနိမ့်မှုများ ကြုံတွေ့နေရ၍ ပြည်သူများကို အ ကြမ်းဖက်မှုများတွင် အတင်းအဓမ္မပါဝင်စေခိုင်းရန်နှင့် စစ်ပွဲများတွင် လူသားဒိုင်းများ အဖြစ် စေခိုင်း ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို တရားမဝင် အတည်ပြု အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိကြောင်း NUG က ဆိုသည်။

အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန် ကြိုးပမ်း နေသည့် တရား မဝင် အကြမ်းဖက်အဖွဲ့အစည်းဖြစ်၍ ဥပဒေပြဌာန်းခြင်း အာဏာတည်ခြင်း ဆောင်ရွက်ရန် အခွင့် အာဏာမရှိဟု အမျိုးသားညီညွတ်ရေးအစိုးရက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကြေညာ ခဲ့ပြီးဖြစ်ကြောင်း ၊ ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီ၏ မတရား စစ်မှုထမ်းခြင်း အမိန့်ကို ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် တားမြစ်မိန့်ကို NUG က ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်သူများကို စစ်မှုထမ်းရန် စစ်ကောင်စီက ဝါဒဖြန့် စာရွက်များ ဖြန့်ဝေနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article