25 C
Yangon

စဉ့်ကူးမြို့နယ် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁၄ နှစ်အရွယ် ကလေး ၁ ဦး သေဆုံးပြီး ပြည်သူ ၅ ဦးထိခိုက် ဒဏ်ရာရ

Must read

စဉ့်ကူးမြို့နယ် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁၄ နှစ်အရွယ် ကလေး ၁ ဦး သေဆုံးပြီး ပြည်သူ ၅ ဦးထိခိုက် ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အသက် ၁၄ နှစ်အရွယ် ကလေး ၁ ဦး သေဆုံးပြီး ပြည်သူ ၅ ဦးထိခိုက် ဒဏ်ရာရကြောင်း Wetlet information Network မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် စာကျက်ကြီးရွာနှင့်စာကျက်ကုန်းရွာသို့ အကြမ်းဖက်စစ်တပ် ဝင်ရောက်၍ ရွာ အနောက်ဘက်နှင့် တောင်ဘက်သို့ လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၁၄ နှစ်အရွယ် ကလေး ၁ ဦး သေဆုံးကာ အသက် ၈၀ အရွယ် အဘွား ၁ ဦး အပါအဝင် ၅ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညပိုင်းမှ စကာ အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၈၁ မမ၊ ၁၂၀ မမ လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်နေခြင်း ဖြစ်ပြီး သေဆုံးသူမှာ ရွာတော်ရွာမှ ဖြစ်ကာ ၎င်း မိခင်မှာလည်း ဦးခေါင်းထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ အသက် ၈၀ ခန့်ရှိ အဘွားမှာလည်း လက်နက်ကြီးကြောင့် ဒူးဆစ်အောက်ပိုင်း ထိခိုက်မှုပြင်းထန်နေကြောင်း၊ ရွာသာရွာ ၊ ငှက်စားရွာနှင့် ဝက်လက်မြို့နယ် အရှေ့ခြမ်း သစ်ဆိမ့်ရွာတို့မှ ပြည်သူ ၃ ဦးလက်နက်ကြီးစ ထိမှန်ခဲ့ကြောင်း သိရှိရသည်။

“ဖေဖော်ဝါရီ ၂၄ ရက်နေ့ညက လက်နက်ကြီးနဲ့ ပစ်တာအချက် ၂၀ ကျော် ၃၀ လောက် ရှိတယ်။ ဝက်လက် သစ်ဆိမ့်ရွာထဲထိ ကျတယ်။ တိုက်ပွဲမဖြစ်ဘဲ ရမ်းသမ်းပစ်နေတာ ၈၁ ရဲ့ ပြေးနှုန်းက မိုင် ၃ မိုင် ရှိတယ်။ ၁၂၀ ရဲ့ ပြေးနှုန်းက ၆ မိုင်လောက်ရောက်တယ်”ဟု Wetlet information Network မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ရွာသာရွာနှင့် အနီးတစ်ဝိုက်ရှိ ရွာပေါင်း ၉ ရွာခန့်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article